Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းများ၊ E-library, IT Center နှင့် ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားများ ကျင်းပ


28 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၂၈

          (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၏ ကွန်ကရစ်လမ်း များ၊ E-library, IT Center ဖွင့်ပွဲအခမ်းအနားနှင့် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် -ဇီးကုန်း-လေသာ-သရက်တောလမ်းပေါ်ရှိ ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားတို့အား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ နေပြည်တော်ကောင်စီနယ်မြေ၊ သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၏ ကွန်ကရစ် လမ်းများနှင့် E-library, IT Center ဖွင့်ပွဲအခမ်းအနား ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာအဖြစ် ဆောင်ရွက်ခဲ့သည့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၏ ကွန်ကရစ်လမ်းများနှင့် E-library, IT Center ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းသမ်းဆက်သွယ် ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ ကျေးလက်စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိက သမဝါယမလုပ်ငန်းများ တိုးတက်စေရေးဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ မြှင့်တင်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးအခြေပြု သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ကို ချိတ်ဆက်ကာ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုမျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာ အားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုကို အားပေးသည့် ခေတ်မီစံပြကျေးရွာများ ထူထောင်ပေး လျက်ရှိရာ ယခုဆိုလျှင် ကျေးရွာ (၄၃) ရွာအထိ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သော်မှော်ကုန်း စံပြကျေးရွာအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ကျေးရွာစာကြည့်တိုက်၊ ရေစက်ရုံ Pump အသစ်လဲလှယ်ပေးခြင်း၊ ရေပေးရေးလုပ်ငန်းများ၊ အမြင့်ရေစင်နှင့် အိမ်သွယ်ရေတိုင်စနစ်၊ ကျေးရွာတွင်းလမ်းများ ဖောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ RBF ဖြင့် ကြက်၊ ဝက်၊ နွား မွေးမြူရေးအစုအဖွဲ့ (၉) ဖွဲ့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အကျိုးအမြတ်များ စတင်ခံစားနေပြီဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာ သားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် နေ့စဉ်နေထိုင်မှုပုံစံများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် အင်တာနက်ချိတ်ဆက်ပေးပြီး E-library IT Center တစ်ခု တည်ထောင် ပေးနိုင်ခဲ့သဖြင့် ဈေးကွက်သတင်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ အချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေးတို့ကို အထောက်အကူဖြစ်စေပြီး စာအုပ်စာစောင်များ၊ ဆောင်းပါးဂျာနယ် များပါ ဖတ်ရှုလေ့လာနိုင်တော့မည် ဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေရှည်အကျိုးခံစားနိုင်အောင် ပျက်စီးဆုံးရှုံးမှု မရှိအောင် ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်အား Clean City၊ Green City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော်နေပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ နေပြည်တော်နယ်မြေအတွင်း ခေတ်မီစံပြကျေးရွာအဖြစ် ကျေးရွာ (၃) ရွာအား ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ဒေသခံပြည်သူ များအနေဖြင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် မိမိတို့ကျေးရွာအား ခေတ်မီစံပြကျေးရွာဖြစ်အောင် သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်တို့က ကျေးရွာကွန်ကရစ်လမ်းသစ်များအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ လမ်း ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ကြကာ ကွန်ကရစ်လမ်းများအား လှည့်လည် ကြည့်ရှုကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မင်းနောင်နှင့် ကောင်စီအဖွဲ့ဝင် (၂) ဦးဇေယျာလင်းတို့က ကျေးရွာစာကြည့်တိုက်၏ E-library, IT Center တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး Skylark ကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးမှ IT Center တွင် Digital နည်းပညာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

          ထိုမှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမြင့်စိုး၊ ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်-ဇီးကုန်း-လေသာ-သရက်တောလမ်းပေါ်ရှိ ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများ သည် ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံပြီး ကျေးလက် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်သဖြင့် ရာသီမရွေး သွားလာနိုင်သော လမ်းများ လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်း ကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီတဲ့ ကျေးလက်လမ်း တံတားများ ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ သဘာဝဘေး ဒဏ်ခံနိုင်သော လမ်းများဖြစ်ပေါ်ရေး၊ ကျေးရွာများအားလုံး ရာသီမရွေးဆက်သွယ်သွားလာနိုင်တဲ့ လမ်းတံတားများအဖြစ် ရည်မှန်းပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂၀၁၇-၂၀၃၀) ကို ရေးဆွဲပြီး သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ယနေ့ဖွင့်လှစ်သော ဆင်သေချာင်းကူးတံတားသည် အရှည် (၄၅၀) ပေ၊ အကျယ် (၂၄) ပေနှင့် လူသွားလမ်းတစ်ဖက်စီမှာ (၃ ပေ ၆လက်မ) အကျယ်ရှိပြီး တံတားချဉ်းကပ်လမ်း အပါအဝင် ကတ္တရာလမ်း (၆၃၂၉) ပေ ဆောင်ရွက်ထားရှိပါကြောင်း၊ သံကူကွန်ကရစ် ဘိုးပိုင်တံတား တိုင်များ၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် Steel Plate Girder သံမဏိယက္မများ တပ်ဆင်အသုံးပြု ထားတဲ့ တံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်အနေနဲ့ ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြုသွားလာနိုင်မှာ ဖြစ်ပါကြောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁) ရွာမှ အိမ်ခြေ(၄၆၄၈) လူဦးရေ(၁၆၄၆၂)ဦးတို့ကို တိုက်ရိုက် အကျိုးခံစားရစေတဲ့အပြင် ကျေးရွာများ ၏ စိုက်ဧက(၈၅၀)ခန့်ကိုပါ လွှမ်းခြုံအကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် တံတားတည်ဆောက်မှုကြောင့် စီးပွားရေး လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ ကျေးလက်ထုတ်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မှာဖြစ်၍ မိသားစုဝင်ငွေ တိုးပွားလာမည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများ၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

          ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြသည်။

ဆက်လက်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တံတားသစ် အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm