Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ်တွင် နမ့်စမ်းပူလိုဏ်ဂူစေတီသွားလမ်း ကတ္တရာခင်းခြင်းပြီးစီးမှု စစ်ဆေး


23 Dec,2022

တန့်ယန်း ဒီဇင်ဘာ ၂၁

               ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တန့်ယန်းမြို့နယ်တွင် နမ့်စမ်းပူလိုဏ်ဂူစေတီသွားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးနေမျိုးမင်းတို့က နမ့်စမ်းပူလိုက်ဂူစေတီသွားလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို စစ်ဆေးကြပြီး တန့်ယန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်မင်းထွန်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

               တန့်ယန်းမြို့နယ်ရှိ နမ့်စမ်းပူလိုဏ်ဂူစေတီသွားလမ်း အရှည် တစ်မိုင်၊ နှစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၀၂ ဒဿမ ၂၄၁ သန်းဖြင့် တန့်ယန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Ma-har K9 ကုမ္ပဏီတို့က မေလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ ရာသီမရွေးသွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ကြောင်း၊ ကျေးလက်လမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)

၂၂-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm