Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ စီမံခန့်ခွဲမှုပညာဌာနနှင့် ဝါဏိဇ္ဇဗေဒဌာနတို့၏ သုတေသနကျမ်း နှုတ်ဖြေစာမေးပွဲကျင်းပ


23 Dec,2022

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ စီမံခန့်ခွဲမှုပညာဌာနနှင့် ဝါဏိဇ္ဇဗေဒဌာနတို့၏ သုတေသနကျမ်း နှုတ်ဖြေစာမေးပွဲ

          သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၉.၁၂.၂၀၂၂)ရက်နေ့ နေ့လည်ပိုင်း (ဝ၁း၃၀)နာရီတွင် စီမံခန့်ခွဲမှုပညာဌာနမှ ဈေးကွက်ဖော်ဆောင်ရေးပညာ အထူးပြုမဟာတန်း ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများနှင့် ဝါဏိဇ္ဇဗေဒဌာန၏ စာရင်း ကိုင် နှင့် ဘဏ္ဍာရေးပညာ အထူးပြုမဟာတန်း ဒုတိယနှစ် ကျောင်းသား/ ကျောင်းသူများ ၏ သုတေသနကျမ်း နှုတ်ဖြေစာမေးပွဲကို Conference Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်း အနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ စီမံခန့်ခွဲမှုပညာဌာနနှင့် ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး)၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ နှင့် မဟာတန်း ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြင်ပပညာရှင်များဖြစ်သည့် ဒေါက်တာတင်တင်လှ (Professor, Myanmar Imperial University, Yangon)၊ ဒေါ်ခင်အေးမြင့် [ပါမောက္ခ(ငြိမ်း)၊ စာရင်းအင်းပညာဌာန]တို့မှ Zoom ဖြင့် တက် ရောက်ခဲ့ကြပြီး စာတမ်းရှင်(၃)ဦး ဖတ်ကြားသည့် Thesis Viva နှုတ်ဖြေစာမေးပွဲတွင် တက်ရောက် လာကြသော ပါမောက္ခချုပ်နှင့် ဆရာမကြီးများမှ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြပြီးနောက် ညနေ(၆း၀၀)နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm