Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၅) နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ပွတ္တလူးကုန်းရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်


20 Dec,2022

(၇၅) နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာန မော်လမြိုင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာအုပ်စု ပွတ္တလူး ကုန်းရွာ အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကတ္တရာလမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

မော်လမြိုင် ဒီဇင်ဘာ ၁၈

          လမ်းဖွင့်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားပြီး ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားကာ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်ဝင်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          အဆိုပါ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

          မင်းရွာကျေးရွာအုပ်စု ပွတ္တလူးကုန်းရွာအဝင်လမ်းသည် ယခင်က မြေသားလမ်းအဆင့်သာဖြစ်ပြီး အရှည် (၁/၄)မိုင်နှင့် လမ်းအကျယ် ၂၄ ပေခန့်သာရှိပြီး အဆိုပါလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပေ ၆၀ အကျယ် မြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်အရ မူလ ၁၂ ပေမှ ၂၄ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၈၇ ဒသမ၉၀ သန်းဖြင့် မော်လမြိုင် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ကျေးရွာလေးရွာ အိမ်ခြေ ၁၂၁၃ အိမ်နှင့် လူဦးရေ ၅၃၁၇ ဦး အဓိက အသုံးပြုသည့် လမ်းဖြစ်သည့်အပြင် မွန်ပြည်နယ် အားကစားဥယျာဉ်အဝင်လမ်းဖြစ်ပြီး ဒေသခံပြည်သူများ လွယ်ကူအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                  ခင်စန်းမြင့် (ပြန်/ဆက်)

၁၉-၁၂-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm