Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းလုံမြို့နယ်တွင် တံတားဦး-ကောင်းဟုန်း-ပန်လွေးလမ်းနှင့် ရွာသစ်-ကောင်းဝိုင်-မတ်ခံ-မန်ကောင်းလမ်း မြေသားလမ်းဖောက်လုပ်နေမှု စစ်ဆေး


19 Dec,2022

ကွမ်းလုံ ဒီဇင်ဘာ ၁၈

               ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊လားရှိုးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွမ်းလုံမြို့ နယ်တွင် တံတားဦး-ကောင်းဟုန်း-ပန်လွေလမ်းနှင့် ရွာသစ်-ကောင်းဝိုင်-မတ်ခံ-မန်ကောင်းလမ်း မြေသားလမ်း ဖောက်လုပ်ခြင်း ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လားရှိုးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးနေမျိုးမင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၅၅ ဒဿမ ၉၉၇ သန်းဖြင့် ဆောင်ရွက်သည့်  တံတားဦး-ကောင်းဟုန်း-ပန်လွေးလမ်း မြေသားလမ်းဖောက်လုပ်ခြင်း၊ ပြည်နယ်ရန်ပုံငွေကျပ် ၁၃၉ ဒသမ ၈၆ သန်းဖြင့်ဆောင်ရွက်သည့်  ရွာသစ်-ကောင်းဝိုင်-မတ်ခံ-မန်ကောင်းလမ်း မြေသားလမ်းဖောက်လုပ်ခြင်းနှင့် Box Culvert  သုံးစင်းဆောက်လုပ်ခြင်း လုပ်ငန်းများကို စစ်ဆေးကြပြီး ကွမ်းလုံမြို့နယ်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးသိန်းထွန်းဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြောင်း သိရသည်။

               ကွမ်းလုံမြို့နယ် တံတားဦး-ကောင်းဟုန်း-ပန်လွေး မြေသားလမ်း ဖောက်လုပ်ခြင်းသည် လမ်းအရှည် တစ်မိုင် ၅ ဒဿမ ၆၂ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ၄ လက်မရှိ သဲဖြုန်းခင်းခြင်းလုပ်ငန်းကို ကွမ်းလုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လည်းကောင်း ရွာသစ်-ကောင်းဝိုင်-မတ်ခံ-မန်ကောင်း မြေသားလမ်းသည် လမ်းအရှည် သုံးမိုင် ၄ ဒဿမ ၉၅ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ၄ လက်မ သဲဖြုန်းခင်းခြင်းနှင့် Box Culvert  သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းကို Bright Castle ကုမ္ပဏီက လည်ကောင်း ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)

၁၉-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm