Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၏ စနစ်ကျလယ်ယာမြေ (၇၉.၈၈) ဧကဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ တောင်သူများနှင့် တွေ့ဆုံ


16 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာအုပ်စုနှင့် ထန်းတောကြီး ကျေးရွာအုပ်စု (၂) စုတွင် စနစ်ကျလယ်ယာမြေ (၇၉.၈၈) ဧက ဖော်ထုတ်ပြီး ဆောင်းရာသီ နေကြာ သီးနှံစိုက်ပျိုးမည့် အခြေအနေများနှင့် နွေစပါး ဆက်လက်စိုက်ပျိုးမည့် အခြေအနေများအား တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လယ်ယာ မြေများအတွက် ရေရရှိမှု၊ ရေပေးဝေမှုနှင့် ရေအသုံးချမှု အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက ဂွေးပင်စံပြကျေးရွာအတွက် သမဝါယမကဏ္ဍမှ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးက စနစ်ကျလယ်ယာမြေတွင် စိုက်ပျိုးမည့်သီးနှံများအတွက် စိုက်ပျိုးရေး နည်းပညာ၊ မျိုး၊ သွင်းအားစုများ ပံ့ပိုးပေးမည့်အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သူရက သမဝါယမအသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးရေးလုပ်ငန်းတွင် ကူညီပံ့ပိုး ပေးမည့်အစီအစဉ်များနှင့် ထွက်ရှိလာသော သီးနှံများအား ဝယ်ယူကြိတ်ခွဲပေးမည့် အစီအစဉ်များ အားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ငွေကျပ်သန်း (၇၀) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငွေကျပ်သန်း (၂၈၀.၅၄) သန်း၊ စုစုပေါင်းငွေကျပ်သန်း (၃၅၀.၅၄) သန်းဖြင့် စနစ်ကျလယ်ယာမြေ (၇၉.၈၈) ဧက ဖော်ထုတ်ဆောင်ရွက်နေပြီး အချိန်မီ ပြီးစီးရေး၊ နွေစပါးနှင့် ဆောင်းသီးနှံများအတွက် ရေရရှိရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးရေး၊ ထွက်ရှိလာသော စပါးနှင့် သီးနှံများအား သမဝါယမစနစ်ဖြင့် ပြန်လည်ဝယ်ယူ ကြိတ်ခွဲဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စနစ်ကျလယ်ယာမြေ ပတ်ဝန်းကျင်၌ တောင်သူများ အကျိုးရှိမည့် ပြည်လုံးချမ်းသာ ကြီးမြန်သစ်ပင်များ စမ်းသပ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများနှင့် တွေ့ဆုံ ရာတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရွေးစုကျေးရွာတွင် သမဝါယမအသင်းဖွဲ့စည်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမစနစ်ဖြင့် နွေစပါး မိုးစပါးများ ဝယ်ယူကြိတ်ခွဲပေးမည့် အစီအစဉ်များအားလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်းသီးနှံနှင့် ဆက်လက်စိုက်ပျိုးမည့် သီးနှံများအတွက် ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ရန်ပုံငွေများ ထုတ်ပေးပြီး ဆောင်းသီးနှံ ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် အခြေအနေများ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရကလည်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများ စိုက်ပျိုးကြရေး ပြောကြားပြီး ကျေးရွာမှ တင်ပြသော ကျေးလက်ကုန်ထုတ်လမ်းများ ဆက်လက်ဖောက်လုပ်ပေးရေး၊ ကျေးရွာအဝင်လမ်း အား ကျောက်ချောလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဆင့်ထိ တိုးမြှင့်ဖောက်လုပ်ပေးရေးနှင့် ကျေးရွာရှိ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဝါးလက်မှုသင်တန်း ပို့ချပေးရေး ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm