Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့နယ်တွင် ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း-မိချောင်းရဲ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


15 Dec,2022

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၁

               မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း-မိချောင်းရဲ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                  ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပန်သုမောင်နှင့် တာဝန်ခံ အင်ဂျင်နီယာများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အတူ ဆင်ပေါင်ဝဲမြို့နယ် ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း-မိချောင်းရဲ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ)က သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

               အဆိုပါ ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း-မိချောင်းရဲ ကျေးရွာချင်းဆက်လမ်း အရှည် လေးမိုင် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ် လက်မ မြေနီခင်းခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၁၁၀ ဒဿမ ၇ သန်းဖြင့် ဇင်ယော်ကုမ္ပဏီက အောက်တိုဘာလမှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ‌လေးရွာရှိ အိမ်ခြေ ၈၅၀၊ လူဦးရေ ၃၇၅၀ တို့အတွက် ရာသီမရွေး လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဦးစီးအရာရှိ (မြို့ပြ) ဦးပန်သုမောင်ထံမှ သိရသည်။

သန်းလွင်(မကွေး)

၁၂-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm