Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ် ဟဲနင်း-ကန်ပဲ့ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


15 Dec,2022

ပင်းတယ  ဒီဇင်ဘာ ၁၁

          ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဟဲနင်း-ကန်ပဲ့ကျေးရွာချင်းဆက်လမ်း မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာလ ၁၀ ရက်မွန်လွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်ဝေဝေလွင်ဖြိုး (လက်ထောက်ညွှန်ကြားရေးမှူး- မြို့ပြ)၊ ပင်းတယမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနောင်နောင် ဦးစီးအရာရှိ (မြို့ပြ)နှင့် တင်ဒါအောင်မြင်သည့် ရွှေသိင်္ဂီဖြိုး ကုမ္ပဏီမှ တာဝန်ရှိသူများက ဟဲနင်း-ကန်ပဲ့ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသော ရွှေသိင်္ဂီဖြိုးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒေသဦးစီးမှူး ဒေါ်ဝေဝေလွင်ဖြိုး (လက်ထောက်ညွှန်ကြားရေးမှူး- မြို့ပြ) က လိုအပ်သည်များမှာကြားသည်။

         ဟဲနင်း-ကန်ပဲ့ကျေးရွာချင်းဆက်လမ်းအရှည် တစ်မိုင်၊ မြေသားလမ်းအကျယ် ပေ ၃၀ ချဲ့၍ သဲဖြုန်းအကျယ် ၁၈ ပေ၊ အမြင့် လေးလက်မခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်မူလ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၄ ဒသမ ၅၂ သန်းဖြင့် ရွှေသိင်္ဂီဖြိုးကုမ္ပဏီက ဇူလိုင်လ ပထမပတ်ကစတင် တာဝန်ယူ‌ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဟိန်းထက်ဇိုး (မလှိုင်)

၁၂-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm