Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကွင်းဆင်းစစ်ဆေး


12 Dec,2022

လွိုင်လင် ဒီဇင်ဘာ ၁၀

         ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသည့် လွိုင်လင်မြို့နယ်အတွင်း ကောင်းမှုဂုဏ်စေတီ-ပန်အွတ်ကျေးရွာ ကျောက်ချော လမ်းခင်းနေမှု အခြေအနေများကို လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင် နှင့်တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။

          အဆိုပါ ကောင်းမှုဂုဏ်စေတီ-ပန်အွတ်ကျောက်ချောလမ်း သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ရန်ပုံငွေ ၁၁၆ ဒသမ ၄ သန်းဖြင့် ပြည့်ရွှန်းပုဏ္ဏမီ ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်း၏အရှည်မှာ ၂ ဒသမ ၁၅၁ ကီလိုမီတာ၊ အကျယ် ၄ ဒသမ ၈၈ မီတာ နှင့် ၁၅၀ မီလီမီတာဒုခင်းခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

၁၁-၁၂-၂၀၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm