Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဘိမ်းမြို့နယ်၊ မဘိမ်း-လဝါကျေးရွာ ကတ္တရာလမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး


08 Dec,2022

ဒီဇင်ဘာ ၈ ရက် ၊ ၂၀၂၂ ခုနှစ်

 

              ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မဘိမ်းမြို့နယ်နှင့် လဝါကျေးရွာ ဆက်သွယ် သော လမ်းမကြီး ကတ္တရာခင်းလမ်းခင်းခြင်းလုပ်ငန်းများကို ဇွန်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

              မဘိမ်းမြို့နယ်နှင့် လဝါကျေးရွာဆက်သွယ်သော အဆိုပါလမ်မကြီးတွင် ကတ္တရာလမ်း အရှည် ခြောက်ဖာလုံ ခင်းခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၄ ဒသမ ၀၇ သန်း ဖြင့် ဇွန်လပထမပတ်မှစတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းအားလုံး ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မြသက်မွန်က ပြောသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm