တောင်တွင်းကြီး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၂၀ ဒဿမ ၀၃၇ သန်းဖြင့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁) ဆင်ကျလမ်း ဖောက်လုပ်မှုမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရိုင်းချင်းဆက်လမ်း အမှတ်(၁) ဆင်ကျလမ်းမှာ အရှည်လေးမိုင် တစ်ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ရှစ်လက်မဖြစ်ပြီး မြေသားတာပေါင်းတင်ခြင်းနှင့် မြေနီခင်းလုပ်ငန်းများကို လုပ်ငန်းတင်ဒါ စနစ်ဖြင့် စက်တင်ဘာလ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးထံမှ သိရသည်။
၃၀-၁၁-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Related News and Articles
Dial these numbers and email in case of any emergency