Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်စီမံကိန်းဆိုင်ရာ အချက်အလက်များအား MIS စနစ်ဖြင့် ဖြည့်သွင်းနည်းသင်တန်းဖွင့်ပွဲကျင်းပ


28 Nov,2022

နေပြည်တော် နိုဝင်ဘာလ ၂၈ ရက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း စီမံကိန်းဆိုင်ရာအချက်အလက်များအား MIS စနစ်ဖြင့် ဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွန်ပျူတာသင်တန်းခန်းမ၌ကျင်းပ ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ Novel Idea မှ Project Manager ဦးအောင်စိုးမိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

မြစိမ်းရောင်စီမံကိန်းကို ပြည်ထောင်စုနယ်မြေ-နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအားလုံးတွင် စီမံကိန်းကျေးရွာ (၁၂,၄၁၄)ယူနစ်၊ အကျိုးပြုကျေးရွာ(၁၄,၆၀၇) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းကျေးရွာများတွင် စိုက်ပျိုး ရေးလုပ်ငန်းများကို အိမ်ထောင်စု(၇၅၀,၀၃၆)စု၊ ငွေကျပ်(၂၈၄.၀၃၃)ဘီလီယံ၊ မွေးမြူရေး လုပ်ငန်းများကို အိမ်ထောင်စု(၄၂၄,၆၅၄)စု၊ငွေကျပ်(၁၂၆.၁၅၆)ဘီလီယံနှင့် အခြားလုပ်ငန်း ကို အိမ်ထောင်စု(၂၁၇,၂၅၉)စု၊ ငွေကျပ်(၇၁.၁၅၆)ဘီလီယံ၊ စုစုပေါင်း အိမ်ထောင်စု (၁,၃၉၁,၉၄၉)စု၊ ငွေကျပ်(၄၈၁.၃၄၅)သန်းဖြင့် ထုတ်ချေးလည်ပတ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ အတိုးရငွေပေါင်း ကျပ်(၂၃၀.၀၂၂) ဘီလီယံ တိုးပွားလာခဲ့ပြီးဖြစ်ပါသည်။ တိုးပွားငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိရာ အတိုးရငွေမှ ငွေကျပ်(၂၆.၄၁၃) ဘီလီယံ၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၃.၅၀၄)ဘီလီယံ၊ စုစုပေါင်းငွေကျပ် (၃၉.၉၁၇)ဘီလီယံဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၃,၆၄၇)ခု ဆောင်ရွက်ပြီးဖြစ်ပါသည်။

ထို့ကြောင့် စီမံကိန်းလုပ်ငန်းများအား ယခုထက်ပို၍ စနစ်တကျလည်ပတ်ဆောင်ရွက် နိုင်ရေး ဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျော့ချနိုင်ရေး၊ စီမံကိန်း ဆိုင်ရာအချက်အလက်များ လွယ်ကူလျင်မြန်စွာဖြင့် စနစ်တကျသိမ်းဆည်းနိုင်ရေး၊ သက်ဆိုင် သူအားလုံးမှ အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးအကဲဖြတ်သုံးသပ်နိုင်ရေး၊ စီမံကိန်း လည်ပတ်ဆောင်ရွက်မှုများအား စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရေးနှင့် အုပ်ချုပ်မှုအသုံး စရိတ်များ လျော့နည်းသွားစေရေးရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုနှင့် မြို့နယ်(၁၉)မြို့နယ်မှ သင်တန်းသား/သူ (၂၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂၈.၁၁.၂၀၂၂) ရက် နေ့မှ (၃၀.၁၁.၂၀၂၂)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ပါသည်။  ယခုကဲ့သို့ သင်တန်းပြု လုပ်ခြင်းဖြင့် မြစိမ်းရောင်စီမံကိန်း သတင်းအချက်အလက်များအား Digital စနစ်ကို အခြေခံ ၍ အချက်အလက်များကို အချိန်တိုအတွင်း စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းတို့ပြု လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းဆိုင်ရာအချက်အလက်များအား https://drdmis.com/msy/ သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm