Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ် ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းဖွဲ့စည်း


28 Nov,2022

ပေါင်၊ နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ စုပေါင်း၍ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အ‌ထွေထွေစီးပွားရေလုပ်ငန်းသမဝါယမအသင်းလီမိတက် ဖွဲ့စည်းခြင်းအစည်းအဝေးကို  အဆိုပါ ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်း အဝေးသို့ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန် ရှိသူများနှင့် အသင်းသား/သူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိက ဆောင်ရွက်၍ အသင်းဖွဲ့စည်းရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖွဲ့စည်းပေးခဲ့ပြီး အသင်းအမည်ရွေးချယ် ခြင်း၊ အသင်းစည်းကမ်းအတည်ပြုခြင်း၊ အများဆန္ဒနှင့်အညီ အမှုဆောင်အဖွဲ့ဝင် များရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် အသင်းဖွဲ့စည်းရေးလုပ်ငန်းစဉ်များအား လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm