Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


28 Nov,2022

မြစ်ကြီးနား နိုဝင်ဘာ ၂၆

               သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ‌ခြောက်လပတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

               ရှေးဦးစွာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ရဲမှူးချုပ်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို တင်ပြကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

                    ဆက်လက်၍ ကချင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေက ယခုဘဏ္ဍာနှစ်တွင် ခရိုင်၊ မြို့နယ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းမျာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Powerpoint များဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်‌ ကျော်ထွန်းက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

                   ကချင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၃၅၈၇၄ ဒဿမ ၆၇ သန်းဖြင့် ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်းနှင့် အမာခံလမ်း စုစုပေါင်း ၅၇ လမ်း၊ ကွန်ကရစ်တံတား၊ ဘေလီကြိုးတံတား၊ Box Culvert နှင့် ရေပြွန် စသည့် တံတားစုစုပေါင်း ၁၆၁ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကချင်ပြည်နယ်၊ ‌ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေထံမှ သိရသည်။

၂၇-၁၁-၂၀၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm