Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖက်ရှင်ဒီဇိုင်းပညာ ဆရာ (ToT) သင်တန်းဆင်းပွဲကျင်းပ


25 Nov,2022

အမရပူရ၊ နိုဝင်ဘာ ၂၅

               အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၌ပထမဆုံးအကြိမ် ဖွင့်လှစ်ဆောင်ရွက်သည့် ဖက်ရှင်ဒီဇိုင်းပညာ ဆရာ (ToT) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ သင်တန်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ရဲမှူး ချုပ်စိန်လွင်နှင့်အဖွဲ့ဝင်များ၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)မှ ကျောင်းအုပ် ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

                ဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ရဲမှူးချုပ်စိန်လွင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ဆောင်းဒါးရက်ကန်းနှင့် အသက် မွေးပညာသိပ္ပံသည် နှစ်ပေါင်း ရာချီ ရက်ကန်းပညာရပ်များ သင်ကြားပေးသည့် နေရာတစ်ခုဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း အားထားရသော ရက်ကန်းပညာရပ်များဖြန့်ဝေပေးသည့် ‌တစ်ခု တည်းသောကျောင်းတော်ကြီးဖြစ်ကြောင်း၊ ယခုဖက်ရှင် ဒီဇိုင်းပညာ ဆရာ (ToT) သင်တန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ရက်ကန်းပညာနှင့် ဖက်ရှင်ပညာပေါင်းစပ်ပါက ပိုမို အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် ပိုမိုကျွမ်းကျင်အောင် ကြိုးစား ရန်လိုကြောင်း၊ တန်ဖိုးကြီးသော ဒီဇိုင်းနာသင်တန်း အားတက်ခွင့်ရသည့်အတွက် မိမိအကျိုး၊ ဌာန အကျိုး၊ နိုင်ငံတော်အကျိုးကို ယခုထက်မက စွမ်းဆောင်ပံ့ပိုးနိုင်သူများဖြစ်အောင် ကြိုးစားရန်လို ကြောင်း ‌လမ်းညွှန်မှာကြားခဲ့ပါသည်။

                 ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအား ရှင်းလင်းတင်ပြခဲ့ ပြီး မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထူးချွန်ဆုရရှိသော သင်တန်းသူများ အား ထူးချွန်ဆုချီးမြှင့်ပေးခြင်း၊ ကျောင်းအုပ်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ခြင်း၊ ဒီဇိုင်းနာ ရန်ပြေအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဝန်ကြီး နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှု့ခြင်း၊ သင်တန်းသား၊ သင်တန်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

                  အဆိုပါ သင်တန်းတွင် သတိုးသမီးဝတ်စုံချုပ်နည်း၊ ပွဲတက်ဝတ်စုံချုပ်နည်း၊ Ready to Wear ဒီဇိုင်းများ နှင့် Innovation & Creation ဖန်တီးမှုများကို ဩဂုတ်လ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၄ အထိ သင်တန်းသား/သူ ၁၃ ဦးအား စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm