Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့်ဆက်သွယ်ထားသော ရွှေအင်ပင်ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး


24 Nov,2022

တောင်တွင်းကြီး နိုဝင်ဘာ ၂၃

               မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ် အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာ  ကျေးရွာချင်းဆက်လမ်း ‌ဖောက်လုပ်မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

               အဆိုပါလမ်းပြီးစီးမှုအခြေအနေများကို မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိများ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

               ကျေးရွာချင်းဆက်လမ်းလုပ်ငန်းဖြစ်သည့် တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် ရွှေအင်ပင်လမ်းမှာ အရှည် ၁ မိုင်၊ ၄ဖာလုံ၊ အကျယ် ၁၈ပေ၊ ထု ၆ လက်မ ဖြစ်ပြီးမြေသားလမ်းတင်ခြင်းနှင့် မြေနီခင်းခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၆ သန်း ဖြင့် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm