သရက်မြို့နယ် ပြရေ-ပုထိုးကျေးရွာချင်းဆက်လမ်းပေါ်၌ ရေကျော်တည်ဆောက်ပြီးစီးမှု စစ်ဆေး
************************************************************************
သရက် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ပြရေ-ပုထိုးကျေးရွာ ချင်းဆက်လမ်းပေါ်၌ ရေကျော်တည်ဆောက်ပြီးစီးမှုအခြေအနေများကို အောက်တိုဘာ ၇ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မေမီမီမင်းမြတ်နှင့် ဝန်ထမ်းများက ပြရေ-ပုထိုးကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၁၂၀ရှိ ရေကျော်တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးသက်အောင်သန့်က ကျေးရွာနှစ်ရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့စေရေး ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားခဲ့သည်။
အဆိုပါ ပြရေ-ပုထိုးကျေးရွာချင်းဆက်လမ်းပေါ်၌ ရေကျော်(၁)စင်းတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၁၇ ဒသမ ၂၄သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မေလစတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၇၆၆ အိမ်၊ လူဦးရေ၃၂၅၈ဦးတို့အတွက် များစွာအကျိုးပြုလျက်ရှိပြီး လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်