Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝေါမြို့နယ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်(၃)သင်း၏ အသင်းသားပိုင်လယ်မြေများ၌ စပါးများ စိုက်ပျိုးထွက်ရှိ


24 Nov,2022

ဝေါ၊ နိုဝင်ဘာ ၂၃

ပဲခူးတိုင်း‌ဒေသကြီး၊ ဝေါမြို့နယ် ကျိုက်လှကျေးရွာရှိ ရတနာသီရိ(၁) စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က အသင်းသားပိုင်လယ်မြေ ၅၃ ဧကတွင် စိုက်ပျိုး သက်တမ်း ၁၃၅ ရက်ရှိ မနောသုခစပါးနှင့် စိုက်ပျိုးသက်တမ်း ၁၅၀ ရက်ရှိ မျိုးသုခစပါး၊ ရတနာသီရိ(၂) စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က အသင်းသား ပိုင်လယ်မြေ ၃၁ ဧကတွင် စိုက်ပျိုးသက်တမ်း ၁၃၅ ရက်ရှိ မနောသုခစပါးတို့ကို ထွန်ယက် စိုက်ပျိုးခဲ့ပြီး ယခုအခါ ရိတ်သိမ်းချိန်တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း တင်း ၅၀ ထွက်ရှိသည်။

ထို့ပြင် ဧကရာဇ်ကျေးရွာရှိ ဧကရာဇ်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်က အသင်းသားပိုင်လယ်မြေ ၂၇ ဧကတွင် စိုက်ပျိုးသက်တမ်း ၁၃၅ ရက်ရှိ ဆင်းသုခစပါး ကို စိုက်ပျိုးခဲ့ရာ ယခု ရိတ်သိမ်းချိန်တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း ၆၅ တင်းမှ တင်း ၇၀ ထိ ထွက်ရှိခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm