Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ် အလယ်ကုန်းကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်မြောက် ထုတ်ချေး


09 Oct,2025

ထားဝယ်မြို့နယ် အလယ်ကုန်းကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်မြောက် ထုတ်ချေး

‎*********************************

‎ထားဝယ်      အောက်တိုဘာ       ၉

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်သူများ အတွက် လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့ စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ အလယ်ကုန်းကျေးရွာ၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို အောက်တိုဘာလ ၈ ရက်နေ့က အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါသာသာရည်က RBF စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် သိန်းသုံးရာကို အလယ်ကုန်းကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် အလယ်ကုန်းကျေးရွာ RBF စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖွဲ့ ၄ ဖွဲ့ထံသို့ တစ်ဖွဲ့လျင် ရန်ပုံငွေကျပ် ၇၅ သိန်းစီကို စနစ်တကျ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ဦးစီးမှူးက RBF စီမံကိန်းအသင်းဝင်များအား စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်