Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး


13 Nov,2022

နေပြည်တော် နိုဝင်ဘာ ၁၂

          ဝန်ကြီးဌာနမိသားစု အိမ်ရာများတွင် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျနေထိုင်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်ရေး၊ စားပင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးတို့အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ဝဏ္ဏ သိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ၊ ဘောဂသိဒ္ဓိရပ်ကွက် သဇင် (၆)၊ သဇင်(၄)၊ သဇင် (၁)၊ သဇင် (၇) သို့ သွားရောက်၍ အိမ်ရာအလိုက် အကြီးစားပြင်ဆင်ရမည့် လုပ်ငန်းများ၊ ဝန်ကြီးဌာန၊ ဦးစီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း မိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာကြရေး၊ ချမှတ်ထားသော ဝန်ထမ်းအိမ်ရာ စည်းကမ်းများ အား လိုက်နာရေး၊ လျှပ်စစ်မီးနှင့် ရေတို့ကို ခြွေတာသုံးစွဲရေး၊ ဝန်ကြီးဌာန၏ မိသားစုစိတ်ဓာတ်ဖြင့် ဝန်ထမ်းအချင်းချင်း ကူညီရိုင်းပင်းစောင့်ရှောက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm