Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်မည့် အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်းဆွေးနွေး


03 Nov,2022

နေပြည်တော်၊ နိုဝင်ဘာ ၂

            စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်‌ဖော် ဆောင်ရွက်မည့် အကျိုးတူလယ်ယာ Contract Farming စနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင် လုပ်ငန်းစဉ်အလိုက် ပေါင်းစပ် ဆောင်ရွက်ကြမည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပ သည်။

              အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများအား လယ်ယာကုန်ထုတ်သမဝါယမအသင်းအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းပေးပြီး သီးနှံမျိုးကောင်းမျိုးသန့်အသုံးပြု‌ရေး သွင်းအားစုမှန်ကန်ရေးနှင့် အရည်အသွေး ကောင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရေရှည်တွင် ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်။

                          ၃-၁၁-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm