Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကရင်ပြည်နယ် ဘားအံမြို့၌ တန် (၁၀၀) ကျ ဆန်စက်တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေး


31 Oct,2022

နေပြည်တော် အောက်တိုဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် အောက်တို ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိ သူများလိုက်ပါလျက်  ကရင်ပြည်နယ်၊ ဘားအံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက် နေသည့် ဆီးထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယဦးစီးမှူး ဒေါ်နော်ထူးလေထီးက ဆီထွက် သီးနှံနေကြာနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် နေကြာစိုက် တောင်သူများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 ၎င်းနောက် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာ၊ ကျုံပိုက်ကျေးရွာ၊ ပေါ့ထော် ကျေးရွာအုပ်စု၊ ပေါ့ထော်ကျေးရွာ၊ မင်းဇီတောင်သူကျေးရွာ (၄) ရွာအတွက် ကျေးရွာတစ်ရွာလျင် မြစိမ်းရောင်(ဆီးထွက်သီးနှံ) ထောက်ပံ့ငွေကျပ်သိန်း(၃၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း(၁၂၀၀)ကို ဒုတိယဝန်ကြီး ဦးမြင့်စိုးကလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ရေဆင်းစပ်မျိုး နေကြာ-၁ မျိုးအိတ်များအား ပြည်နယ်ဒုတိယဦးစီးမှူး ‌ဒေါ်နော်ထူးလေထီးကလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါရုံးတွင် ဆန်စက်ဆီစက်လုပ်ငန်းရှင် သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဘားအံမြို့နယ်အတွင်း ဆန်စက်၊ ဆီစက်များ တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဆန်စက်တည်ဆောက်ရေးကိစ္စ၊ ဆီစက်တည်ဆောက်ရေး ကိစ္စအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းပြောကြားမှုအပေါ် ဒုတိယဝန်ကြီးက ပြန်လည် ညှိနှိုင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် လိုက်ပါလျက် ဘားအံစက်မှုဇုန်ရှိ သမဝါယမအသင်းပိုင် ဆန်စက်တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွား EM Super Bokashi သဘာဝအားဖြည့် မြေဩဇာစက်ရုံနှင့် ဩဇာမင်း သဘာဝဇီဝမြေဩဇာစက်ရုံတို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် အရှည်ပေ(၃၃၀၀)ရှိ မွန်ဆရီးကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က လုပ်ငန်းဆောင်ရွက် ခဲ့မှုအခြေအနေများအားလည်းကောင်း၊ ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များအား လည်းကောင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း‌ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံ အားပေးကာ စာသင်ဆောင်နှင့် သင်တန်းသားအိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm