Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းလုပ်ငန်း စတင်ဆောင်ရွက်


20 Jun,2025

ရမည်းသင်း ဇွန် ၁၈

             ရမည်းသင်းမြို့နယ် အင်ကြင်းကန်- အုတ်ဖို-ကြံပင်-ထန်းတောလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့်အဖွဲ့သည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုသည်။

စတင်ဆောင်ရွက်

            အဆိုပါလမ်းကို ယမန်နှစ် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၂၅ ဒသမ ၅၃၀ ဖြင့် (၁/၄)မိုင် အရှည် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၅ ဒသမ ၃၁၁ သန်းဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်