Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး


02 Oct,2022

နေပြည်တော် အောက်တိုဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Center)၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီနယ်မြေ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းမှာကြားသည်။

ယင်းသို့မှာကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ‌ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများအား ခေတ်မီနည်းစနစ်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော ကဏ္ဍအသီးသီး၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှိ  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(SSID)က ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေ သည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးကြရန် မှာကြားသည်။

          ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး က မိမိတို့ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားရှိသော အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စာပေနှင့်ပုံနှိပ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် အထွေထွေလုပ်ငန်းများ စသည့် လုပ်ငန်းအသင်းအဖွဲ့ အသီးသီးမှ တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြ အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းများအလိုက် ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံဖြိုးတိုတက် ရေးအတွက် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm