Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကဏ္ဍ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ


29 Sep,2022

နေပြည်တော်၊ စက်တင်ဘာ  ၂၉

သမဝါယမကဏ္ဍ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမတွင် On-line စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား)နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် သမဝါယမအသင်းစုများမှ အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမကဏ္ဍ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သမဝါယမဦးစီးဌာန အဆင့်ဆင့်၊ သမဝါယမအသင်းအဆင့်ဆင့်တို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိဖွဲ့စည်းပြီးသမဝါယမအသင်းများကို အကောင်အထည်ဖော်သည့်အချိန်မှစတင်၍ သမဝါယမ မူအတိုင်း ဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုသမဝါယမအသင်းများ ကဏ္ဍအလိုက် တိုးတက်အောင်မြင်ရေးလုပ်ဆောင်ရန်လိုကြောင်း၊ အမှုဆောင်ဒါရိုက်တာများအနေဖြင့် သမဝါယမအသင်းများအတွက် အပြုသဘောဆောင်သော သုံးသပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုအနေအထား၊ ဆွေးနွေးအကြံပြုချက်များ ပြန်လည်ဆွေးနွေးတင်ပြကြရန် လိုအပ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က သမဝါယမကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးဆွေးနွေးပွဲအကြောင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် သမဝါယမအသင်းစုများမှ အမှုဆောင်များက မေးခွန်းများ မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခဲ့ကြသည့်အပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ညွှန်ကြားရေးမှူးများက မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြပြီး ဆွေးနွေးပွဲကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm