Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးအခြေခံပရိဘောဂပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


27 Sep,2022

နေပြည်တော်၊ စက်တင်ဘာ ၂၇

အသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးနိုင်သော ကျွမ်းကျင်သူနည်းပြများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဝါးအခြေခံပရိဘောဂပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း (၂/၂၀၂၂) ကို ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Center ၌ ဖွင့်လှစ်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းကြီးကြပ်၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက မိမိတို့ ဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် အသက်မွေးဝမ်း ကျောင်းပညာများ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရည်အချင်း ပြည့်ဝသောနည်းပြများ တိုးတက်ပေါ်ထွက်လာစေရေးအတွက် ယခုလို Training Of Trainer(TOT) သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်ကြားပေးလိုက်သော နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် သင်ယူကြစေလိုပြီး မိမိတို့ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် ဝါးပရိဘောဂပစ္စည်းများ ဆက်လက်လေ့လာ၍ ဒေသခံပြည်သူများကိုလည်း ဝါးပရိဘောဂသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းကြီးကြပ်၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ယခုသင်တန်းတွင် သင်တန်းသား/သူ (၁၈)ဦးတို့အား တစ်ယောက်အိပ် (၂)ထပ်ကုတင်၊ နှစ်ယောက်အိပ်ကုတင်၊ Side Table ၊ တစ်ယောက်ထိုင်ခေါက်ကုလားထိုင်နှင့် Stand မီးအိမ်ပြုလုပ် နည်းတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm