Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်မရောမြို့နယ်သမဝါယမအသင်းစုလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


26 Sep,2022

ကျိုက်မရော၊  စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှင့် (၁-၁၀-၂၀၂၁)ရက်မှ(၃၁-၃-၂၀၂၂)ရက်နေ့ထိ (၆)လတာကာလ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျိုက်မရောမြို့နယ်သမဝါယမအသင်းစုရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် ပြည်နယ်သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်ကော်မတီအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဉက္ကဌ ဦးသန်းမောင်က ဆောင်ရွက်ခဲ့ပြီး၊ ပြည်နယ် သမဝါယမဦးစီးမှူးနှင့် ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌတို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး   ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှင့် (၁-၁၀-၂၀၂၁)ရက်မှ(၃၁-၃-၂၀၂၂)ရက်နေ့ထိ (၆)လ တာကာလဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာ ရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်း၍ ဆွေးနွေးသဘောတူညီချက်ရယူကာ အတည်ပြုချက် ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm