Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


23 Sep,2022

နေပြည်တော်  စက်တင်ဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံ၊ အောင်မြေ သာဇံမြို့နယ်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတို့ရှိ ကျောင်းသား/သူ များ အေးချမ်းစွာပညာသင်ကြားနေမှုနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် စစ်ကိုင်းမြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်တွင် ဒုတိယနှစ်၊ တတိယနှစ်နှင့် မဟာတန်း(ဒုတိယနှစ်) သင်တန်းတက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူ များ ပညာသင်ကြားနေမှု အခြေအနေအားလည်းကောင်း၊ တက္ကသိုလ်ကျောင်းဆောင်များ၊ ကျောင်းသား ကျောင်းသူအိမ်ဆောင်များအားလည်းကောင်း ကြည့်ရှုစ်စစ်ဆေးပြီး တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာ အရေးကြီးပါကြောင်း၊ ဒါကြောင့် တက္ကသိုလ်မှ တာဝန်ရှိသူ ဆရာ ဆရာမများ ပညာဆည်းပူးသင်ကြားနေကြသော ကျောင်းသားကျောင်းသူများဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးမှာ ပါဝင်ဆောင်ရွက်နေကြတာမို့ ဂုဏ်ယူစွာ ကြိုးစားကြရန်နှင့်  ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြားလိုပါကြောင်း၊ တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင် သည့် စည်းကမ်းရှိသောကျောင်းသားကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်အောင် ကြိုးစား ကြရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကောလိပ်၊ တက္ကသိုလ်၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များအတိုင်း အရည်အသွေး ပြည့်ဝသော ကျောင်းသားကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် ကျောင်းဆင်းပါက အလုပ်အကိုင် အခွင့်အလမ်း များရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်နှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် ဆွေးနွေးမှာကြားခဲ့ပြီး ဆရာဆရာများ၊ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးမှ ဖွင့်လှစ်လျက်ရှိသော ချည်မျှင်နှင့်အထည်အလိပ် အတတ်ပညာ ဒီပလိုမာ (၁)နှစ်သင်တန်းနှင့် အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်း၊ လက်ရက်ကန်း (၆)လ သင်တန်း၊ ရိုးရာလွန်ရာကျချိတ် (၆)လ သင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုး (၃)လသင်တန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရိုးရာရက်ကန်းအတတ်ပညာကို ထိန်းသိမ်းရန်၊ ပိုမိုတိုးတက် ကောင်းမွန်ရေး လြေလာဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများမှ ရိုးရာရက်ကန်းထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ ရက်ကန်းပညာ အခြေပြု အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ဆောင်ရွက်ရန်၊ သင်တန်းသားသင်တန်းသူများ၏ နေထိုင်စားသောက်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး စက်ရက်ကန်း၊ လက်ရက်ကန်း ရွှေချည်ထိုးငွေချည်ထိုး သင်တန်းလက်တွေ့သင်ကြားနေမှုများကို ကြည့်ရှု့ အားပေးပြီး လိုအပ်သည်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံကာ သမဝါယမစာရင်းရေး စာရင်းကိုင်ပညာသည် လွန်စွာအသုံးဝင် ကြောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သော အသက်မွေးပညာရပ်တစ်ခုဖြစ်ကြောင်း၊ ဤကျောင်းမှ ကျောင်းပြီးသွားလျှင် သမဝါယမအသင်း၊ စီးပွားရေးအဖွဲ့အစည်း စသည်များတွင် အလုပ်အကိုင်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် သမဝါယမ ကောလိပ်များသို့ ပညာဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ ဝတ်စုံစရိတ်၊ နေထိုင်စားသောက်စရိတ်၊ သင်ရိုးစာအုပ်များမှ ထောက်ပံ့ပေးထားတာမို့ ကျောင်းသား/ကျောင်းသူများမှ ကြိုးစာရန်သာ လိုအပ်ကြောင်း အားပေးစကားပြောကြားပြီးနောက် စာသင်ကျောင်းဆောင်၊ ကျောင်းသားကျောင်းသူ အိပ်ဆောင်များအား ကြည့်ရှု စစ်ဆေးကာ ကျောင်းသားကျောင်းသူများ၏ စားသောက်နေထိုင်ရေး၊ သင်ကြားရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်နို့ချက်စက်ရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း တာဝန်ရှိသူများက တစ်နေ့လျှင် ၁၀ တန်ကျ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ နှင့် တစ်နေ့လျှင် နို့ဆီဘူး ၆၀၀၀ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက  စက်ကိရိယာများ ပြင်ဆင်မှု၊ အသစ်တပ်ဆင်မှုတို့ကို အချိန်မီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် စက်ရုံအား အကျိုးရှိစွာသုံးစွဲရေး စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm