Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းနှင့် ကုန်ထုတ်လမ်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


22 Sep,2022

နေပြည်တော် စက်တင်ဘာ ၂၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်လမ်းနှင့်ကုန်ထုတ်လမ်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေ သော အိမ်ခြေ (၁၂၂၅)အိမ်၊ လူဦးရေ (၅၅၁၉)ဦး၏ စိုက်ပျိုးဧက(၆၀၉)ဧကအတွက် အကျိုးပြုမည့် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အမှတ် (၂) ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားသော အရှည်ပေ (၅၁၀၀) ရှိ လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ညွှန်ကြား ရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခြင်းအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံများဖြစ်သည့် ကျေးလက်လမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးများ ပြည့်မီစွာနှင့် ဆောင်ရွက်ပေးနေပါကြောင်း၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဦးစီးဌာနများအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံ ငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာ (၁၂) ရွာ၊ အိမ်ခြေ (၁၁၇၈) အိမ်၊ လူဦးရေ (၄၉၃၁) ဦးနှင့် စိုက်ပျိုးဧက (၆၄၂၉) ဧက အတွက် အကျိုးပြုမည့် အရှည် (၉၉၀၀) ပေရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ဒါးပိန်မြို့အထိ ဆက်သွယ် အသုံးပြုနိုင်မည့် ဝါရုံစွန်း-ဖဲခမဲ-စွယ်လပ် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြပါ သည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဆောင်ရွက်ပြီးစီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊  ပထမ (၆) လ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသော အိမ်ခြေ (၅၇၁) အိမ်၊ လူဦးရေ (၂၅၅၇) ဦးနှင့် စိုက်ပျိုးဧက (၃၀၀၀) အတွက် အကျိုးပြုနေသည့် လှည်းကူးမြို့နယ်၊ သနပ်ပင်ကျေးရွာ၏ (မြေသား+ဂဝံ) ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကျန်ရှိနေသေးသည့် အလျား (၆) ဖာလုံခန့် ကုန်ထုတ်လမ်းအား ဆက်လက် ဖောက်လုပ်ပေးနိုင်ရေး မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယ ဝန်ကြီးက ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများ အောင်မြင်ရေး အတွက် ဦးစီးဌာနများ/ ဝန်ထမ်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦနှင့် (၂) ခန်းတွဲဝန်ထမ်းအိမ်ယာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm