Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် အမှုထမ်းများလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ


16 Sep,2022

နေပြည်တော်၊ စက်တင်ဘာလ(၁၆)ရက်

   အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများတွင် အသစ်ခန့်အပ်ခဲ့သော အငယ်တန်းစာရေး နှင့်အလားတူအဆင့် အမှုထမ်း(၂၄)ဉီးအား ဌာန၏လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အရည် အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သောဝန်ထမ်းကောင်းများဖြစ်လာစေရန် ရုံးလုပ်ငန်းသဘော တရားများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ နည်းဉပဒေ၊ ဉပဒေများသိရှိနားလည်စေရန်အတွက် အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂)သင်တန်းကို (၁၄-၉-၂၀၂၂ မှ ၁၆-၉-၂၀၂၂)ရက်နေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။

          အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့၊ ညနေ (၃:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ဌာနရဲ့ လုပ်ငန်းစဉ်များကို ကောင်းစွာသဘောပေါက်နားလည်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်နိုင်စေရန်၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန်တို့အတွက် ဒီလို မွမ်းမံသင်တန်းများကို ဖွင့်လှစ်ရ ခြင်းဖြစ်ပါကြောင်း၊ ဌာနခွဲများမှ စာတွေ့သင်ကြားပို့ချသွားသော ရုံးလုပ်ငန်းများကို မိမိဒေသ ရောက်ရှိတဲ့အခါ လက်တွေ့နယ်ပယ်နဲ့ပေါင်းစပ်ပြီး မိမိတို့ စွမ်းအားရှိသလောက် လုပ်ဆောင်သွားကြဖို့ မှာကြားခဲ့ပါသည်။

          သင်တန်းဆင်းပွဲအခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သူ(၂၄)ဉီးနှင့် ဌာနမှတာဝန်ရှိသူများ စုစုပေါင်း(၃၆)ဉီး တက်ရောက်ခဲ့ပြီး ညနေ(၄:၃၀)နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm