Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ သမဝါယမအသင်းပိုင် ဆီစက်အား ကြည့်ရှုစစ်ဆေး


14 Sep,2022

နေပြည်တော် စက်တင်ဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စုရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းပိုင် ဆီကြိတ်ခွဲစက်အား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဆီစက်တည်ဆောက်ရေးအတွက် ပံ့ပိုးပေးမှုအခြေအနေများ နှင့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကျေးရွာ (၉) ရွာ၊ အိမ်ထောင်စု (၁၃၅၁) စု၊ စိုက်ဧကပေါင်း (၁၇၁၀.၀၉) ဧကတွင်  သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးသည့် ဆီထွက်သီးနှံများအား ကြိတ်ခွဲပေး နေမှုအခြေအနေများအားလည်းကောင်း၊ ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌက အသင်းသား (၅၄) ဦး၊ အသင်းသားပိုင် စိုက်ပျိုးဧက (၂၀၂.၅) ဧကအနက်  စိုက်ဧက (၆၈) ဧကမှ စိုက်ပျိုးထွက်ရှိသော ဆီထွက်သီးနှံများအား ကြိတ်ခွဲပေးနေမှုနှင့် အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ဆီးထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး မူဝါဒများချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စားအုန်းဆီသွင်းကုန် အစားထိုးနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော အဓိကကုန်ကြမ်းများဖြစ် သည့် နေကြာ၊ ပဲ၊ နှမ်း ရရှိရေး ဆီထွက်သီးနှံစိုက်တောင်သူများနှင့်ချိတ်ဆက်၍ အကျိုးတူလယ်ယာ စနစ် (Contract Farming) ဖြင့် ဆောင်ရွက်ကြရန်၊ ဆီကြိတ်ခွဲစက် မှတ်ပုံတင်ရရှိရေး၊ အရည် အသွေးစစ်ဆေးရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ သမဝါယမအသင်း သားများ၏ အစုပေါ်အမြတ်ငွေများ တိုးပွားရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုများကို သမဝါယမအသင်းများက ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ကျေးရွာအုပ်စုအတွင်း မြေပဲ၊ နေကြာ၊ နှမ်းစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန်၊ အခြားကျေးရွာအုပ်စုများကပါ လာရောက်ကြိတ်ခွဲနိုင်ရေး အသိပေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်ပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဟု မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm