Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ်သမဝါယမအသင်းစုမှ မြေပဲဆီသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ


12 Sep,2022

တောင်ကြီး၊ စက်တင်ဘာ ၁၁

ဒေသတွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်  သမဝါယမကဏ္ဍက တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုက အေးသာယာ၊ စက်မှုဇုန်ရှိ အသင်းစုပိုင်ဂိုဒေါင်တွင် အရည်အသွေး ပြည့်မီသော မြေပဲဆံများကို  ဝယ်ယူ၍ အသင်းစုပိုင်ဆီစက်မှ မြေပဲဆီကိုသာ အဓိကထား ထုတ်လုပ် လျက်ရှိသည်။ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်မှ တစ်နေ့လျှင် မြေပဲဆီသန့် ပိဿာချိန် ၄၀ ခန့် ထုတ်လုပ်ပြီး ရရှိလာသော မြေပဲဆီသန့်များကို ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ အသင်းသားပြည်သူများသို့ လက်လီလက်ကားစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm