Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းရွာကြီးကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေတော့မည်


07 Sep,2022

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ ရှမ်းရွာကြီးကျေးရွာ၌  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ၊ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

          ထို့သို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့အား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေကျပ်သိန်း ၅၀၀ စုစုပေါင်း ငွေကျပ် ၆၀၀သိန်းဖြင့် ရှမ်းရွာကြီးကျေးရွာတွင် အရှည် ၃၀၀၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိသော  ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၏ ရာနှုန်းပြည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လုပ်ငန်းဆောင်ရွက်သည့် တာဝန်ရှိသူများက ရှင်းလင်းပြောကြား ကြောင်း သိရသည်။

          အဆိုပါလုပ်ငန်း ဆောင်ရွက်မှုကြောင့် ရှမ်းရွာကြီးကျေးရွာရှိ အိမ်ခြေ ၈၇၉အိမ်နှင့် လူဦးရေ ၂၆၆၆ဦးတို့၏ လမ်းပန်ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပြီး စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း  သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm