Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမအကျိုးတူလယ်ယာစနစ် (Contract Farming) ဖြင့် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


04 Sep,2022

နေပြည်တော် စက်တင်ဘာ ၃

          ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဝါးခယ်မမြို့သို့ ရောက်ရှိခဲ့ပြီး ရွှေခယ်သီရိအားကစားခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံကာ နိုင်ငံတော်က ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရေးနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်း လျာထားဆောင်ရွက်နေမှုအခြေအနေ၊ သီးနှံအလိုက် ရန်ပုံငွေများ ခွင့်ပြုပေးမှုအခြေအနေ၊ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပဲတီစိမ်းစိုက် တောင်သူများအကြား ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြား သည်။ ယင်းနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်း စဉ်များဖြင့် ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဒေသဖွံ့ဖြိုးရေးအတွက် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းအမျိုးမျိုးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားပြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဝါးခယ်မမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများက စိုက်ပျိုးရာတွင် တွေ့ကြုံရမည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြီး ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌ ဆောင်းသီးနှံ ပဲတီစိမ်းအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်နေသာ နေကြာစိုက်ပျိုးရေးကို အောင်မြင်အောင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။

          ဝါးခယ်မမြို့နယ်အတွင်း၌ နယ်မြေဒေသ (၆) ခုခွဲ၍ ပဲတီစိမ်းစိုက်တောင်သူ (၇၆၆၆) ဦးက စိုက်ဧက (၂၃၀၀၀) စိုက်ပျိုးသွားမည်ဖြစ်သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အစည်း အဝေးခန်းမ၌ မိမိဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ထိုနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံး ငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်နေသာ ကျေးရွာ (၂၂) ရွာ၊ အိမ်ခြေ(၂၄၅၃) အိမ်၊ လူဦးရေ(၁၂၉၁၄) ဦးအား အကျိုးပြုသည့် အရှည် (၆/၄) မိုင်ရှိ အင်းမ-အင်းတကော-ခရေကန်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm