Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာပေါင်းမြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ


02 Sep,2022

သာပေါင်း ၊ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများ၊ အသင်းဝင်အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးယောရှုက အမှာစကားပြောကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြား ရှင်းလင်းပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။

အခမ်းအနားဒုတိယပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ဆွေက ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အမှုဆောင် သစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ခွဲဝေပေးအပ်ပြီး အမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ ကြကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm