Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်


01 Sep,2022

နေပြည်တော် စက်တင်ဘာ ၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်နှင့် မြို့ပြ ကွာဟမှုကို လျှော့ချ၍ ကျေးလက်နေပြည်သူများ တစ်ဦးချင်းဝင်ငွေတိုး၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းများ ဖွဲ့စည်းလျက် ဆောင်းသီးနှံ ပဲတီစိမ်း၊ နေကြာ၊ ပဲပုတ် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန္နဲကျေးရွာသို့ ရောက်ရှိပြီး ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများသို့ ရန်ပုံငွေ ထုတ်ပေးမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး ပဲတီစိမ်း စိုက်ပျိုးရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်း၊ ကန်ထရိုက်/ ကုမ္ပဏီများ၊ စိုက်ပျိုးရေးသမဝါယမအသင်း ဖွဲ့စည်းစိုက်ပျိုးကြမည့် တောင်သူ လယ်သမားများ ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ တောင်သူလယ်သမားများ လက်ဝယ်သို့ မျိုး၊ သွင်းအားစုမြေဩဇာနှင့် ပိုးသတ်ဆေးများ အချိန်မီ ရောက်ရှိရေး၊ စိုက်ဧကများ မှန်ကန်စွာရရှိရေး၊ တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးကြမည့် နေကြာသီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရေး၊ ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီးပါကလည်း လယ်ယာမြေများကို အလွတ်မထားဘဲ ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားရေးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ပဲခူးတိုင်းဒေသ ကြီးအတွင်း သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တောင်သူများအနေဖြင့် သမဝါယမစနစ် အသင်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက ပဲတီစိမ်းစိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

၎င်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကံမြင့် ကျေးရွာသို့ သွားရောက်၍ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံကာ ဆောင်းရာသီ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်း၊ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ သန်လျင်၊ ထန်းတပင်နှင့် ကော့မှူး မြို့နယ်များအတွင်း ဆောင်းရာသီ ပဲတီစိမ်းစိုက်ဧက (၄၅၁၀၉) ဧကရှိပြီး သုံးခွမြို့နယ် သည် စိုက်ဧက (၂၉၇၄၁) ဧကဖြင့် အများဆုံးစိုက်ပျိုးသော ဒေသဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm