Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်လှစ်


01 Sep,2022

ညောင်ဦး၊ စက်တင်ဘာ ၁

       ဒေသခံပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများထူထောင်နိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ဖွင့်လှစ်သည်။

      အခမ်းအနားသို့ ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး         ယွန်းပညာကောလိပ် ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားကာ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

     ယခု ဖွင့်လှစ်သောသင်တန်းတွင် အင်ဂျင်အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အင်ဂျင်အမျိုးအစားခွဲခြားခြင်း၊ အင်ဂျင်တည်ဆောက်ပုံနှင့် ပါဝင်သော အဓိကအစိတ်အပိုင်းများ၊ ဗားအဖွင့်အပိတ်ပြုလုပ်သော အစိတ်အပိုင်းများ၊ အင်ဂျင်ဆိုင်ရာစက်မှုအခေါ်အဝေါ်များ၊ အင်ဂျင်အခြေခံသဘောတရား၊ လောင်စာဆီပို့စနစ်၊ အအေးပေးစနစ် ၊ ချောဆီပို့စနစ် ၊ ကလပ်အလုပ်လုပ်ပုံ ၊ ဝါယာရိန်းစနစ် ၊ ပြစ်ချက်ရှာဖွေခြင်းနှင့် ဖြေရှင်းနည်းတို့ကို သင်တန်းနည်းပြများက စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၁)လကြာ သင်တန်းသား (၂၀)ဦးအား စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm