Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီးသမဝါယမကဏ္ဍမှ ပြည်ပသို့ ရေထွက်ပစ္စည်းများ တင်ပို့


31 Aug,2022

တနင်္သာရီ၊ ဩဂုတ်  ၃၁

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းများမှ ငါး၊ ပုစွန်နှင့် ရေထွက် ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိရာ ကော့သောင်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွင်း သိမ်းထိုက်ဇော်ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်မှ အမေရိကန်ဒေါ်လာ ၁.၀၃၀ သန်းတန်ဘိုးရှိ ရေထွက်ပစ္စည်းကုန်တန်ချိန် ၁၃၁၅.၆၉၀ တန်နှင့် အောင်ကျော်ဇေရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်မှ အမေရိကန်ဒေါ်လာ ၁.၀၁၂ သန်းတန်ဘိုးရှိ ရေထွက်ပစ္စည်းကုန်တန်ချိန် ၉၉၉.၁၅၅ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိစေရန်အတွက် သမဝါယမကုန်သွယ်မှု ကဏ္ဍက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm