Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ခ) ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ

(၁) ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်းတံတား၊ ကျေးလက်ကုန်ထုတ်လမ်းတံတား၊ ကျေးရွာတွင်းလမ်းတံတားများ၊ ကျေးလက်သောက်သုံးရေရရှိရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်၊
(၂) ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် မဟာဓာတ်အား လိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်၊
(၃) ကျေးလက်ဒေသတွင် အခြားလူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လူထုဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm