Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂။ ကုန်သွယ်မှုကဏ္ဍ

ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်းများ၏အခြေအနေ
ကုန်သွယ်မှုသမဝါယမအသင်းများ၏ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း

အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း(၃၄၁)သင်းရှိပြီး အသင်းသား ဝန်ထမ်းများနှင့် ပြည်သူများလိုအပ်လျက်ရှိသော ကုန်ပစ္စည်းများရောင်းချ ခြင်း၊ချေးငွေထုတ်ချေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တည်းခိုခန်း လုပ်ငန်းခွဲ၊ ဆေးရုံ/ဆေးခန်းလုပ်ငန်းခွဲ၊ ကားဂိတ်လုပ်ငန်းခွဲများ ဆောင်ရွက် လျက်ရှိရာ အောင်မြင်နေသောသမဝါယမအသင်းများအနက် မန္တလေးတိုင်း အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် မှတ်တမ်းဓါတ်ပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဂျီအီးစီသကြားစက်လုပ်ငန်းခွဲ

အသင်းပိုင်မြေ(၂၆၀'x ၁၂၀') ပေါ်  တွင် တစ်နေ့(၈)နာရီတစ်ဆိုင်း၊ သကြား(၅)တန်ကျ ပေါင်းသကြား ( Down Tap Pan)စက်အမျိုးအစား၊ လျှပ်စစ်အား ၃၀၀ HP အသုံးပြု၍ အကျိုးတူ ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပသို့ရောင်းချခြင်း၊
(ခ) အရောင်းဆိုင်လုပ်ငန်းခွဲ

အသင်းပိုင်မြေ (၁၃'x ၄၀')၊ အာရ်စီနှစ်ထပ် (၄) ခန်းဖြင့် လူသုံး၊ အိမ်သုံး၊ အလှကုန်၊ လျှပ်စစ်ပစ္စည်းများ၊ စားကုန်၊ စာရေးကိရိယာ၊ အိမ်သုံးဆေးဝါး၊ စက်ဘီးဆိုင်ကယ်နှင့် အပိုပစ္စည်း များရောင်းချခြင်း၊

(ဂ) ဘော်ဒါဆောင်လုပ်ငန်းခွဲ

အသင်းပိုင်မြေ (၄၅'x၃၁')ပေါ်တွင် အာရ်စီ (၃)ထပ်ဖြင့် အမျိုးသမီး(၄၂) ဦးထားရှိနိုင်ပါသည်။

 

(ဃ) ဆေးရုံလုပ်ငန်းခွဲ

အသင်းပိုင်မြေ (၁၆၄'x ၇၇')ပေါ်တွင် အာရ်စီ(၃) ထပ်ခွဲ အဆောက်အဦတွင် အီးစီဂျီ၊ အန်ထရာဆောင်း၊ ဓါတ်မှန်ခန်း၊ ကွန်ပျူဖြင့် ဆီး၊ ဝမ်း၊ သလိပ်ရောဂါ ရှာဖွေစမ်းသပ်နိုင်ပြီး သားဖွား ခန်းများပါဝင်ကာ အထူးကုသမားတော်များဖြင့် ၂၄ နာရီ ဖွင့်လှစ်ပါ သည်။

(င) အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းခွဲ

အသင်းသားတစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်း၊ အတိုးနှုန်း (၁.၂၅) ပြားနှုန်းဖြင့် အသင်းသားများသို့ ထုတ်ချေးဆောင်ရွက်ပါသည်။

(၂) အထွေထွေစီးပွားရေးသမဝါယမအသင်း

အထွေထွေစီးပွားရေးသမဝါယမအသင်း (၉၃၉)သင်းရှိပြီး အောင်မြင်နေသော အသင်းများအနက် ရန်ကုန်တိုင်းဒေသကြီး ခရမ်းစတိုးအထွေထွေစီးပွား ရေးလုပ်ငန်း သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် မှတ်တမ်းဓါတ်ပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) စတိုးဆိုင်လုပ်ငန်းခွဲ

(ကက) စတိုး(၁)

အသင်းစုပိုင်မြေပေါ်တွင် (၂၂.၅' x ၅၆') ရှိ အဆောက်  အဦမြေညီထပ်တွင် အလှကုန်၊ အရုပ်မျိုးစုံ၊ စာရေးကိရိယာ၊ စားသောက် ကုန်၊ ပလပ်စတစ်၊ ကြွေထည်၊ စတီးပစ္စည်းအမျိုးမျိုး၊ ပထမထပ်တွင် ထီး၊ ဖိနပ်၊ အိတ်၊ အားကစားပစ္စည်း၊ အဝတ်အထည် အမျိုးမျိုးနှင့် ဒုတိယထပ်တွင် လျှပ်စစ်ပစ္စည်း၊ လက်ကိုင်ဖုန်းများ၊ စက်ဘီးနှင့်ဘီရိုအမျိုးမျိုးကိုဝန်ထမ်း(၁၇)ဦးဖြင့် နံနက်(၇)နာရီမှညနေ (၅)နာရီ အထိ ရောင်းချပါသည်။
(ခခ) စတိုး (၂)

သမဝါယအသင်းပိုင်မြေ (၅၄'x ၃၆')ရှိ တစ်ထပ် အဆောက်အဦတွင် အလှကုန်၊ စားသောက်ကုန်၊ စာရေး ကိရိယာ၊ ထီး၊ ဖိနပ်၊ အိတ်၊ အရုပ်မျိုးစုံ၊ နာရီ၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်အမျိုးမျိုး ကို ရောင်းချပါသည်။

(ခ) အောင်ဘာလေထီရောင်းချရေးလုပ်ငန်းခွဲ

ပြည်တွင်းအခွန်ရုံးမှ တိုက်ရိုက်ရယူပြီး အခြားထီကိုယ်စားလှယ်ကြီးများနှင့် အပြိုင်လိုင်စင်ရယူပြီး ခရမ်းစတိုး(၁)၊ ခရမ်းစတိုး(၂) အရှေ့ဥပစာတွင် အောင်ဘာလေထီရောင်းချရေးလုပ်ငန်းကို ဆောင်ရွက်ပါသည်။

(၃) ရောင်းဝယ်ရေးသမဝါယမအသင်း

ရောင်းဝယ်ရေးသမဝါယမအသင်း(၁၄၁၄)သင်းရှိပြီး အောင်မြင်နေသောအသင်း  များအနက် တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့နယ်သမဝါယမအသင်း စု၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် မှတ်တမ်းဓါတ်ပုံများမှာ အောက်ပါ အတိုင်းဖြစ်ပြီးအသင်းစုပိုင်မြေပေါ်တွင် (၆၀' x ၄၀') ရှိ အဆောက်အဦတွင် ဆန်နှင့် လူသုံး ကုန်၊ အိမ်သုံးကုန်ပစ္စည်းမျိုးစုံ ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။

(၄) Cash Memo ပြေစာဖြင့်အသုံးပြု၍ အမှတ်တရပစ္စည်းရောင်းချလျက်ရှိသည့် သမဝါယမအသင်းများ

ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်  Cash Memo ပြေစာဖြင့်အသုံးပြု၍ မြန်မာ့ လက်မှုအနုပညာအမှတ်တရပစ္စည်းရောင်းချလျက်ရှိသောသမဝါယမအသင်းဆိုင်(၄၃)ဆိုင်မှ အမှတ်တရပစ္စည်းရောင်းချရငွေ၏ ၁% ကို နိုင်ငံတော် ဝင်ငွေ State Income အဖြစ်ပေးသွင်းလျက်ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ချင်းပြည်နယ် ၁ ဆိုင်
  • ပဲခူးတိုင်းဒေသကြီး ၃ ဆိုင်
  • မန္တလေးတိုင်းဒေသကြီး ၁၉ ဆိုင်
  • ရန်ကုန်တိုင်းဒေသကြီး ၁၈ ဆိုင်
  • ရှမ်းပြည်နယ် ၂ ဆိုင်
  • စုစုပေါင်း ၄၃ ဆိုင်
(၅) ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်ရယူထားသော သမဝါယမအသင်းများ

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်ရယူ ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း (၁၂၂)သင်းရှိပါသည်။(၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်အတွင်းသမဝါယမအသင်း(၃)သင်း မှ ကော်ဖီ၊ ငါးမျိုးစုံနှင့် CMP (Contract Manufacturing Process) ချုပ်ထည်များကို ဆွစ်ဇာလန် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ ဆောင်ရွက်၍ စီမံကိန်းလျာထားချက်များပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

 

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm