Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ခ) ပညာပေးခြင်း

ပညာပေးခြင်း

သမဝါယမဦးစီးဌာနမှသမဝါယမပညာပေးရေးလုပ်ငန်းများကို အောက်ပါအတိုင်းဆောင်ရွက် လျက်ရှိပါသည် -


(က) သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိဝန်ထမ်းများအားပညာပေးခြင်း

သမဝါယမ အသင်းအဆင့်ဆင့်အား ထိန်းကျောင်းတည့်မတ်ရာတွင် သမဝါယမ အသင်းနည်းဥပဒေ၊ အပိုဒ်(၆၆)၌ သမဝါယမအသင်းများ၏စာရင်းများကို (၁)နှစ်လျှင် အနည်းဆုံး (၁)ကြိမ် စစ်ဆေးရာတွင် သက်ဆိုင်ရာသမဝါယမဦးစီးဌာနမှ စာရင်းစစ် ဖြင့်ဖြစ်စေ၊ အစိုးရ အသိအမှတ်ပြု စာရင်းကျွမ်းကျင်သူ (သို့မဟုတ်) အဖွဲ့ဖြင့်ဖြစ်စေ သက်ဆိုင်ရာသမဝါယမအသင်း၏ဆန္ဒနှင့်အညီ အသင်းစာရင်းများကို စစ်ဆေးရမည် ဟု ပြဋ္ဌာန်းဖော်ပြပါရှိထားသည့်အတိုင်း သမဝါယမဦးစီးဌာနဝန်ထမ်းများအနေဖြင့် စာရင်းစစ်ဆေးခြင်း အရည်အချင်းများနှင့်ပြည့်စုံနေရမည်ဖြစ်သည့်အတွက် လိုအပ် သော စာရင်းရေးစာရင်းကိုင်ပညာ၊စာရင်းစစ်ပညာများ၊ ကွန်ပျူတာနည်းပညာစသည့် ဘာသာရပ်တို့ကို နှစ်စဉ်သမဝါယမတက္ကသိုလ်/ကောလိပ်များ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများနှင့် သမဝါယမဦးစီးဌာန အဆင့်ဆင့်တို့တွင် စွမ်းဆောင်ရည်မြှင့်တင်ပေးရေးသင်တန်းများ ပို့ချဖွင့်လှစ်ပေး လျက် ရှိပါသည်။ အလားတူ သမဝါယမဦးစီးဌာနဝန်ထမ်းများအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှဖွင့်လှစ်သောအခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများကိုလည်း တက်ရောက်သင်ကြား စေခြင်းဖြင့် စာရင်းရေးစာရင်းကိုင်နှင့်စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ကျွမ်းကျင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမတက္ကသိုလ်/ကောလိပ်များ၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်သမဝါယမဦးစီးဌာနများတွင် သမဝါယမပညာပေးခြင်း လုပ်ငန်းများကို ကျွမ်းကျင်စေရန်ဆောင်ရွက်လျက်ရှိပါသည်။


(ခ) သမဝါယမအသင်းအဆင့်ဆင့်ရှိအမှုဆောင်၊ဒါရိုက်တာ၊အဖွဲ့ဝင်များနှင့်အသင်း ဝန်ထမ်း များအား ပညာပေးခြင်း

သမဝါယမအသင်းအဆင့်ဆင့်ရှိ အမှုဆောင်၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းဝန်ထမ်း များကိုအသင်း၏စာရင်းဇယားများကိုယ်တိုင်ရေးဆွဲတတ်စေရန်၊ အသင်းစီမံအုပ်ချုပ်မှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေဆောင်ရွက်ပုံ နည်းလမ်းများ၊ သမဝါယမစာရင်းရေး/စာရင်းကိုင်ဘာသာရပ်များကို သမဝါယမတက္ကသိုလ်/ ကောလိပ် များ၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနအဆင့်ဆင့် တို့တွင်လုပ်ငန်းခွင်ပညာပေးသင်တန်းများ၊အသင်းသားစာရင်းစစ်သင်တန်း၊ ကွင်းဆင်း နည်းပေးလမ်းပြသင်တန်းများ၊အမှုဆောင်/ဒါရိုက်တာ(ရက်တို)ဆွေးနွေးပွဲ၊ သမဝါယမ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ သမဝါယမပညာ၊ စီးပွားရေးပညာနှင့်ဈေးကွက်ချိတ်ဆက်မှုပညာရပ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ၍ ကာလတို သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချဆောင်ရွက်လျက်ရှိပါသည်။


(ဂ) သမဝါယမအသင်းသားပြည်သူများအား ပညာပေးခြင်း

သမဝါယမပညာပြန့်ပွားရေးလုပ်ငန်းများ (လူထုပညာပေးရေး)အနေဖြင့် သတင်းစာ၊ စာစောင်၊ ဟောပြောပွဲ၊ ကြော်ငြာ၊ TV /Radio များတွင် ရေးသားထုတ်လွှင့်ခြင်း၊ ဦးစီးဌာနမှ ကျေးရွာ၊ရပ်ကွက်များထိ ကွင်းဆင်းရာတွင် သမဝါယမလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ မတ်လထိ  သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းအဆင့်ဆင့်ရှိ အမှုဆောင်များ၊ အသင်းသားများနှင့် အသင်းဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ လျာထားမှုအခြေအနေ

 

စဉ် သင်တန်းအမည် သင်တန်း
ကာလ
လျာထား ဖွင့်လှစ်ပြီးစီးမှု (၃၁-၃-၂၀၂၄)ထိ သင်တန်းသားအဆင့် ဖွင့်လှစ်မည့်နေရာ
ကြိမ်ရေ ဦးရေ ကြိမ်ရေ ဦးရေ
ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း (၁၄) ရက် ၆၇ ၆၇ CAVTC ကျောင်းများရှိ နည်းပြများ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ
တက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမကောလိပ် (မန္တလေး/ဖောင်ကြီး)
လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း (အရာထမ်း) (၅) ရက် ၁၅၀ ၁၄၈ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ ညွှန်ကြားရေးမှူးချုပ်ရုံး
လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း (အမှုထမ်း) (၁၀) ရက် ၁၅၀ ၂၉၈ ဦးစီးမှူးများ၊ ဌာနခွဲစာရေး၊ အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ ညွှန်ကြားရေးမှူးချုပ်ရုံး
အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) (၁၄) ရက် ၄၀၀ ၄၀၂  ဌာနခွဲစာရေး၊ အကြီးတန်းစာရေးများ CAVTC ကျောင်းများ
အခမ်းအနားမှူးသင်တန်း (၃) ရက် ၂၀ ၂၀ သမဝါယမဦးစီးဌာန ဝန်ထမ်းများ  ညွှန်ကြားရေးမှူးချုပ်ရုံး
သတင်းနှင့်ပြန်ကြားရေး ဆိုင်ရာသင်တန်း (၅) ရက် ၂၀ ၂၀ သမဝါယမဦးစီးဌာန ဝန်ထမ်းများ  ညွှန်ကြားရေးမှူးချုပ်ရုံး
စုဆောင်းငွေအားပေး မြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်းသင်တန်း (၃) ရက် ၃၉၁ ၃၉၀ သမဝါယမဦးစီးဌာန ဝန်ထမ်းများ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်များ
ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ဆိုင်ရာ အသိပညာပေးစည်းရုံး လှုံ့ဆော်ပွဲများကျင်းပခြင်း (၁) ရက် ၁၁ ၁၂၀၈ ၁၁ ၁၁၃၉ သမဝါယမဦးစီးဌာန ဝန်ထမ်းများ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်များ
မြန်မာနိုင်ငံရှိ အသေးစား ချေးငွေလုပ်ငန်းများတွင်
ငွေစုဆောင်းသည့် အလေ့အကျင့်များ ဖြစ်ပေါ်ရေး
အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
(၁) ရက် ၉၀ ၇၀ သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် သမဝါယမအသင်း ဝန်ထမ်းများ  ညွှန်ကြားရေးမှူးချုပ်ရုံး
၁၀ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာ သင်တန်း (၂) ရက် ၅၁၆ ၅၁၆ သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် သမဝါယမအသင်း ဝန်ထမ်းများ  ညွှန်ကြားရေးမှူးချုပ်ရုံး
၁၁ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (၃)ရက် - - ၉၅ လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးအဆင့်ထိ ညွှန်ကြားရေးမှူးချုပ်ရုံး
၁၂ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း   - - ၁၃၄၅ ဦးစီးမှူးနှင့်ဦးစီးအရာရှိ ညွှန်ကြားရေးမှူးချုပ်ရုံး
၁၃ တိုင်းဒေသကြီး/ပြည်နယ်ဌာန ဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်း   - - ၃၈၉ သမဝါယမဦးစီးဌာန ဝန်ထမ်းများ  တိုင်းဒေသကြီး/ပြည်နယ်များ
၁၄ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များဆိုင်ရာသင်တန်း (၂၀)ရက်‌ - - ၈၀ သမဝါယမအသင်းအမှုဆောင်များ ညွှန်ကြားရေးမှူးချုပ်ရုံး
  စုစုပေါင်း   ၂၆ ၃၀၁၂ ၄၀ ၄၉၇၉    
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm