Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်မီးလင်းရေးလုပ်ငန်း

ကျေးလက်မီးလင်းရေးလုပ်ငန်း

ကျေးလက်မီးလင်းရေးလုပ်ငန်းများကို (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်အထိ ဆိုလာ၊ အသေးစား ရေအား၊ ဇီဝဒြပ်ထုစသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကိုအသုံးပြု၍ ၁မဂ္ဂါဝပ်အောက် ကျေးလက် မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေး နှစ်အတွင်း ကျေးရွာပေါင်း (၄၈၀၇)ရွာ ကျေးလက်မီးလင်းရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း တပ်ဆင်စွမ်းအား Installed Capacityအနေနဲ့ (၃၀) မဂ္ဂါဝပ်ထိ ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။

ထို့နောက် ၂၀၃၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်-၇ (Sustainable Development Goal (SDG)-7)ဖြစ်သော လူသားတိုင်းလက်လှမ်းမီ၊ စိတ်ချရသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းအင်ရရှိရေး ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)အစီအစဉ်အရ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများအား ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု အသေးစားဓာတ်အားစနစ်နှင့် အိမ်သုံးဆိုလာစနစ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပစနစ်)(NEP Phase-1)ကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း (၉၀)၊ နိုင်ငံတော်ဘတ်ဂျက်၊ ပြည်သူ့အချိုးကျ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီး ခဲ့ပြီဖြစ်ပါသည်။ ထိုအချိန်မှစတင်၍ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်း များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁၀,၀၇၅)ရွာ၊ အိမ်ထောင်စု ပေါင်း (၄၅၈,၀၉၁)အိမ်၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတို့အတွက် အများသုံးဆိုလာစနစ်ပေါင်း (၅၉,၇၆၉)စုံ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အလားတူ ဆိုလာ၊ ရေအား၊ စပါးခွံလောင်စာသုံးအသေးစားဓာတ်အားစနစ်များအနေဖြင့် စီမံကိန်းလုပ်ငန်း (၁၃၀)ခု၊ ကျေးရွာပေါင်း (၁၇၁)ရွာ၊ အိမ်ထောင်စုပေါင်း (၄၁,၁၀၂)အိမ်ခန့်၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးစသည်တို့အပါအဝင် အများပြည်သူ ပိုင်အဆောက်အဦ (၁၄,၃၃၀)ခုအတွက် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး နှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းစာရင်းချုပ်

နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၄ခုနှစ်မှ ၂၀၂၁ခုနှစ် အထိ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICS)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ ဘဏ်အဖွဲ့၊ အီတလီ-နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(AICS)၊ ဂျာမန်-နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(GIZ)၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW)တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစီမံကိန်း အားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။

ယခုအခါ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်း (၂)ခု၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း (၂)ခု ဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသေးစားဓာတ်အားပေးစနစ်ဖြင့် စီမံကိန်းလုပ်ငန်း (၂)ခု၊ ကျေးရွာ (၂)ရွာ၊ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ (၂၀၅)ရွာ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဆောင်ရွက်ပြီးအသေးစားဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်း (၅)ခုအားလည်း တပ်ဆင်စွမ်းအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ဆိုလာရေတင်စနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်း

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေအပါ အဝင် တိုင်းဒေသကြီးပြည်နယ် (၁၁)ခုတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းပေါင်း (၁၁၇)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လုပ်ငန်းများအားလုံး ကောင်းမွန်စွာ လည်ပတ်လျက်ရှိပြီး စိုက်ပျိုးတောင်သူ (၁၄၅၃)ဦး၊ စိုက်ပျိုးဧက (၅၃၁၈)ဧက အကျိုးပြု နိုင်ခဲ့ပါသည်။ စိုက်ပျိုးဧက (၅၃၁၈ဧကတွင် နေကြာနှင့် အခြားဆီထွက်သီးနှံ (၄၈၇၆)ဧက စိုက်ပျိုးခဲ့ပြီး အခြားသီးနှံ (၄၄၂)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။

          အလားတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးပြည်နယ် (၁၂)ခုတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းပေါင်း (၉၈)ခု ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးတောင်သူ(၁၃၂၁)ဦး၊ စိုက်ပျိုးဧက(၅၆၁၅)ဧက အကျိုးပြုနိုင် ခဲ့ပါသည်။

          ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးပြည်နယ် (၁၀)ခုတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းပေါင်း (၃၅)ခု ဆောင်ရွက်လျက်ရှိပြီး ဝါသီးနှံအတွက်  ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ()ခုခန့် ဆောင်ရွက်ပေးသွားရန် လျာထားပါသည်။

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်