Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ)ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ သက်မွေးပညာသင်တန်းကျောင်းများမှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာ ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်သွားမည်။
(၂) လုပ်ငန်းများကို စံချိန်စံညွှန်းများသတ်မှတ်ကာ e - government စနစ်ကျင့်သုံးပြီး သတင်းအချက်အလက်စီမံခန့်ခွဲရေးစနစ် (MIS)၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့်အကဲ ဖြတ်ခြင်းနည်းစနစ် (M&E) များကို ဆောင်ရွက်သွားမည်၊
(၃) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တင်ဒါဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) တို့ဖြင့် ဆောင်ရွက် သွားမည်၊
(၄) ဌာနအဆင့်ဆင့်ရှိဝန်ထမ်းများအတွက် ဝန်ဆောင်မှုကို ရှေးရှုသည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များ   နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ သင်တန်းပို့ချဆောင်ရွက်ပေးသွားမည်၊
(၅) ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင်ရှိသော အစိုးရဌာနများနှင့် ပုဂ္ဂလိကများအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှု ကောင်းမွန်ရေးကို ဆောင်ရွက်သွားမည်၊
(၆) ချမှတ်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန် ဌာနများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်းကို ဆောင်ရွက်သွားမည်၊
(၇) ဌာနလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိကအဖွဲ့အစည်းများ၊ သမဝါယမ အသင်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် အားပေးကူညီသွားမည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm