Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ခ)ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကျေးလက်လမ်းများ၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ၊ ကျေးရွာတွင်းလမ်းတံတားများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးမည်၊
(၂) ကျေးလက်ဒေသသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊
(၃) အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်နှင့်အညီ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးမည်၊
(၄) အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အိုးအိမ်ပျက်စီး သွားသော ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသအိမ်ရာများ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊
(၅) ကျေးလက်နေပြည်သူများကိုယ်တိုင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးမည်၊
(၆) ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုမူဘောင် (Environmental and Social Management Framework) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm