Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဂ) မှတ်ပုံတင်ရခြင်း၏ အကျိုးကျေးဇူးများ

  • နည်းပညာအကူအညီ အထောက်အပံ့များ ရရှိနိုင်ခြင်း၊
  • ငွေကြေးအကူအညီ အထောက်အပံ့များ ရရှိနိုင်ခြင်း (သို့မဟုတ်) ဘဏ်မှ ချေးငွေ ရရှိနိုင်ခြင်း၊
  • ပြည်တွင်း၊ ပြည်ပရှိအလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများသို့ တက်ရောက်နိုင်ခြင်း၊
  • တိုင်းဒေသကြီး/ပြည်နယ်များတွင် နှစ်စဉ် ကျင်းပပြုလုပ်ပေးသည့် ကုန်စည်ပြပွဲ၊ ပြိုင်ပွဲ များတွင် ပါဝင်ပြသခြင်းဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရရှိနိုင်ခြင်း၊
  • ပြည်ပမှ ကျွမ်းကျင်သူများ၏ အကူအညီရယူနိုင်ခြင်းနှင့် ပြည်ပနှင့် စီးပွားရေးလုပ်ငန်းများ စာချုပ်များ ချုပ်ဆို လုပ်ကိုင်နိုင်ခြင်း၊
  • အသစ်ထူထောင်သော ထုတ်လုပ်မှုကို အခြေခံသည့် အသေးစားလုပ်ငန်းများအတွက် လုပ်ငန်းစတင်သော နှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေ ကျပ်သိန်းတစ်ရာအထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရနိုင်ခြင်း၊
  • နိုင်ငံတော်မှ အသိအမှတ်ပြုသည့် ဆုချီးမြှင့်မှုများရရှိနိုင်ခြင်း၊
  • လုပ်ငန်းများပိုမိုအောင်မြင်လာစေရန် လုပ်ငန်းသဘောသဘာဝ တူညီသည့် မျိုးတူစုအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း၊
  • ဦးစီးဌာနနှင့် အစိုးရဌာနများက အခါအားလျော်စွာ သတ်မှတ်ပေးသော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိခြင်း၊

 

 

     လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ပါ အချက်အလက်များပြင်ဆင်ခြင်းနှင့် မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးခြင်းအတွက်

     မိမိလုပ်ငန်းတည်ရှိရာ ဦးစီးဌာနများတွင် ပြန်လည် လျှောက်ထားနိုင်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm