Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ခ) လုပ်ငန်းရှင်မှ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ

အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်နေသူ သို့မဟုတ် လုပ်ကိုင်လိုသူသည် မိမိလုပ်ငန်းတည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများတွင် လျှောက်လွှာဝယ်ယူပြီး အောက်ပါအချက်များနှင့်အတူ ပူးတွဲ လျှောက်ထားနိုင်သည် 

  • လုပ်ငန်းရှင်၏ လိုင်စင်ကာလာဓါတ်ပုံ                         
  •  လအတွင်းရိုက်ထားသောပုံဖြစ်ရမည်)       -         (ပုံ
  • နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ                         -        (စောင်
  • လုပ်ငန်းလုပ်ကိုင်နေမှု မှန်ကန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမူရင်း ()စောင်၊ မိတ္တူ()စောင်၊
  • လူသုံးကုန်၊ အလှကုန်နှင့် စားသောက်ကုန်လုပ်ငန်းအတွက် လျှောက်ထားခြင်းဖြစ်လျှင် ဦးစီးဌာန၏ဓါတ်ခွဲခန်းများတွင် စစ်ဆေးထားသည့် ဓါတ်ခွဲစမ်းသပ်မှု ရလဒ်များ တင်ပြရန် လိုအပ်ခြင်း၊
  • သစ်အခြေပြု အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွင် အသုံးပြုသည့် ပြန်စိတ်စက်ငယ် လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများဖြစ်ပါက သစ်စက်နှင့် သစ်ဆိုင်များမှ ဝယ်ယူသော တရားဝင် သစ်ဝယ်ပြေစာ တင်ပြရန်လိုအပ်ခြင်း၊
  • တိုင်းရင်းဆေးဝါးဖြစ်ပါက သက်ဆိုင်ရာ တိုင်းရင်းဆေးပညာ ဦးစီးဌာနက ထုတ်ပေးသော လိုင်စင် နှင့် မှတ်ပုံတင်လက်မှတ် တင်ပြရန်လိုအပ်ခြင်း၊
  • စိုက်ပျိုးရေးအကျုံးဝင်သော လုပ်ငန်းဖြစ်ပါက စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ဌာနမှ ဓါတ်ခွဲစမ်းသပ်မှုအဖြေ တင်ပြရန်လိုအပ်ခြင်း၊
  • အခြားထုတ်ကုန်ပစ္စည်းများ အတွက် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ပူးတွဲတင်ပြရန်လိုအပ်ခြင်း၊
  • လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့် မှတ်တမ်းဓါတ်ပုံ၊
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm