Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ

(၁) မူဝါဒများရေးဆွဲခြင်းနှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အစိုးရဌာနအချင်းချင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်၊
(၂) အရည်းအချင်းပြည့်ဝသော လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ကာ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်။
(၃) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီအဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့အပြင် လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်သင်တန်း များ တိုးမြှင့်ဆောင်ရွက်သွားမည်။
(၄) ဝန်ဆောင်မှုကို ရှေးရှုသည့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုယန္တရား တိုးတက်ဖြစ်ပေါ် စေရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ထိရောက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်၊
(၅) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှု (Transparency)၊ တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) တို့ဖြင့် ဆောင်ရွက်သွားမည်၊
(၆) ကောင်းမွန်သောစီမံအုပ်ချုပ်မှုကို ဖော်ဆောင်ရာတွင် ထိရောက်အကျိုးရှိစွာ ဆောင်ရွက် နိုင်စေရန် လုပ်ငန်းများကို စံချိန်စံညွှန်းများသတ်မှတ်ကာ e-government စနစ် ကျင့်သုံးပြီး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းနည်းစနစ်များကို ဆောင်ရွက်သွားမည်၊
   
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm