Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(WSAP)

၁။      နိဒါန်း

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေး နှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ (၆) နှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဘဏ္ဍာရေးဆိုင်ရာသဘောတူညီမှု စာချုပ်ကို (၁၇.၁၂.၂၀၁၈) ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ်ကြီးနှင့် IFAD President တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ စီမံကိန်း၏ပန်းတိုင်မှာ ကျေးလက်နေပြည်သူများရာသီဥတုပြောင်းလဲမှု ကြောင့် ခံစားရမှုများကိုတုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်စေရန်နှင့် လူမှုစီးပွားရေးအဆင့်အတန်းများ မြင့်မားလာစေရန်ဖြစ်ပါသည်။ WSAP စီမံကိန်းကို အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံ ငွေအဖွဲ့ (IFAD)မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၃.၉၇၈)သန်း၊ ချေးငွေ အမေရိကန်ဒေါ်လာ (၈.၉၈၄)သန်း၊ မြန်မာနိုင်ငံအစိုးရ၏ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၀.၉၉၄) သန်း၊ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော (NAG နှင့် Care International) အဖွဲ့များမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၀၅၀) သန်း၊ Private Sector’s မှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၀.၇၈၀) သန်း၊ financing gap အဖြစ် အမေရိကန်ဒေါ်လာ (၄.၄၇၁) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၀.၂၅၇) သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း၏ချေးငွေမှာ အတိုးနှုန်းသက်သာသော နှစ်ရှည် ချေးငွေဖြစ်ပြီး အတိုးနှုန်းမှာ (၀.၀၀%)၊ ဝန်ဆောင်ခအဖြစ် (၁)နှစ်လျှင် (၀.၇၅%) ပေးချေရမည်ဖြစ်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလမှာ ဆိုင်းငံ့ကာလ (၁၀) နှစ်အပါအဝင် နှစ် (၄၀) ဖြစ်ပါသည်။ အဆိုပါ WSAP စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ပင်မဆက်သွယ်ရာဌာနအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ ဆက်စပ်ဌာန (၈) ခုတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။       စီမံကိန်းရည်ရွယ်ချက်

စီမံကိန်းရည်ရွယ်ချက်မှာ မိသားစုဝင်ငွေတိုးပွားစေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရ အရည်အသွေးတိုးတက်မြင့်မားစေရန်ဖြစ်ပါသည်။

၃။      စီမံကိန်းဒေသ

ချင်းပြည်နယ်(မင်းတပ်၊ ကန်ပက်လက်) မြို့နယ်

မကွေးတိုင်းဒေသကြီး (ပေါက်၊ မြိုင်)မြို့နယ်

၄။      စီမံကိန်းအစိတ်အပိုင်းများ

          စီမံကိန်းကို အောက်ပါ ကဏ္ဍ(၂)ခုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

ကဏ္ဍ (၁)                -      အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်လာစေခြင်း၊

ကဏ္ဍခွဲ (၁.၁)           -      ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံများ၊

ကဏ္ဍခွဲ (၁.၂)           -      လူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံများ၊

ကဏ္ဍခွဲ (၁.၃)           -      စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊

ကဏ္ဍ (၂)                -      ဝန်ဆောင်မှုလုပ်ငန်းများ၊

ကဏ္ဍခွဲ (၂.၁)           -      ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးဝန်ဆောင်မှုများ၊

ကဏ္ဍခွဲ (၂.၂)           -      ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ၊

ကဏ္ဍခွဲ (၂.၃)           -      မူဝါဒဆိုင်ရာဝန်ဆောင်မှုများကိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

စဉ်

ဆောင်ရွက်မည့်လုပ်ငန်းများ

အကောင်အထည် ဖော်ဆောင်ရွက်မည့် ဌာန/အဖွဲ့အစည်း

၁.၁

ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံများ

  • တည်ဆောက်ပြီးဆည်မြောင်းလုပ်ငန်းများပြန်လည်ပြုပြင်ခြင်း၊
  •  ‌ကျေးရွာကုန်ထုတ်လမ်းများတည်ဆောက်ခြင်း၊
  •  Home Garderning ဆောင်ရွက်ခြင်းနှင့် ရေပေးဝေခြင်း အတွက်လိုအပ်သော ပလက်စတစ်ရေလှောင်ကန်များပံ့ပိုးခြင်း
  • အဆင့်မြင့်လယ်ယာဖော်ထုတ်ခြင်း

 

  • ဆည်/ရေဦးစီးဌာန
  • ကျေးလက်ဦးစီးဌာန
  • ကျေးလက်ဦးစီးဌာန

 

  • စက်မှုလယ်ယာ/ လယ်စီခန့်ဦးစီးဌာန

၁.၂

လူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံများ

  • ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
  • မိုးရေလှောင်ကန်တည်ဆောက်ခြင်း၊
  • ကျေးလက်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

 

  • ကျေးလက်ဦးစီးဌာန
  • ကျေးလက်ဦးစီးဌာန
  • ကျေးလက်ဦးစီးဌာန

၁.၃

စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း

  • နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း

 

  • စီမံကိန်းဝန်ထမ်းများကိုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း
  • WASH ဆိုင်ရာအသိပညာပေးခြင်း

 

  • အာဟာရဆိုင်ရာအသိပညာပေးခြင်း

 

  • စည်းရုံးလှုံ့ဆော်ခြင်း

 

  • ကျေးလက်ဦးစီး၊ ဆည်/ရေဦးစီးဌာန
  • ဆက်စပ်ဌာနများ
  • Implementing Partners
  • စိုက်ပျိုးရေး၊ မွေး/ကု ဦးစီးဌာန
  • Implementing Partners

၂.၁

ခေတ်မီစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုများ

  • အသိပညာပေးစင်တာများတည်ဆောက်ခြင်း၊
  • မြေဆီလွှာနှင့်ရေဓါတ်ထိန်းသိမ်းခြင်း
  • စိုက်ပျိုးရေးသတင်းအချက်အလက်နည်းပညာ
  • တောင်ကုန်းတောင်စောင်းစိုက်ပျိုးခြင်းနည်းပညာဖြန့် ဖြူးပေးခြင်း၊
  • ရွှေ့ပြောင်းတောင်ယာစနစ်လျော့နည်းပပျောက်အောင် ကူညီပေးခြင်း၊
  • ခေတ်မီမွေးမြူဆိုင်ရာဝန်ဆောင်မှုများပေးခြင်း၊
  • နည်းပညာနှင့်ဈေးကွက်ရရှိအောင်ချိတ်ဆက်ပေးခြင်း၊

 

  • စိုက်ပျိုးရေးဦးစီး
  • စိုက်ပျိုးရေး၊ စိုက်/သု
  • စိုက်ပျိုးရေး၊ စိုက်/သု
  • စိုက်ပျိုးရေး၊ စိုက်/သု

 

  • စိုက်ပျိုးရေး၊ စိုက်/သု

 

  • မွေး/ကုဦးစီးဌာန
  • ဆက်စပ်ဌာနများ

၂.၂

ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ

  • ငွေစုငွေချေးအဖွဲ့များဖွဲ့စည်းခြင်း
  • ကျေးလက်စီးပွားရေးဆိုင်ရာရန်ပုံငွေ
  • ချေးငွေထုတ်ချေးခြင်း

 

  • PMU
  • PMU
  • စီမံ/ဘဏ္ဍာ/စက်မှု

၂.၃

မူဝါဒဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး

  • နည်းပညာအကူအညီပေးခြင်း

 

  • Implementing Partners

 

 

စီမံကိန်းအမည်

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်း

ရည်ရွယ်ချက် မိသားစုဝင်ငွေတိုးပွားစေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရအရည်အသွေးတိုးတက်မြင့်မားစေရန်။
စီမံကိန်းကာလ

(၆) နှစ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ

၂၀၂၂-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ။
စီမံကိန်းဒေသ

ချင်းပြည်နယ်(မင်းတပ်၊ ကန်ပက်လက်) မြို့နယ်

မကွေးတိုင်းဒေသကြီး (ပေါက်၊ မြိုင်)မြို့နယ်
ထောက်ပံ့သည့်အဖွဲ့အစည်း အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံ ငွေအဖွဲ့ (IFAD)
ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း
  • IFAD ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန။
  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
  • ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီး ဌာန၊
  • စိုက်ပျိုးရေးဦးစီးဌာန၊
  • စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊
  • မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
  • စက်မှုလယ်ယာဦးစီးဌာန၊
  • လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊
  • ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း (Network Activities Group (NAG) and Care International)
ဆောင်ရွက်မည့်နည်းလမ်း/ ချဉ်းကပ် သည့်ပုံစံ လူထုပူးပေါင်းပါဝင်ချဉ်းကပ်မှုနည်းလမ်း
ဆောင်ရွက်မည့်လုပ်ငန်း
  • အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံများ၊ လူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံများ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊
  • ဝန်ဆောင်မှုလုပ်ငန်းများခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးဝန်ဆောင်မှုများ၊
  • ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ၊ မူဝါဒဆိုင်ရာဝန်ဆောင်မှုများကိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အကျိုးကျေးဇူး/ရလဒ် မိသားစုဝင်ငွေတိုးပွားစေခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်ရရှိစေခြင်း၊ စားနပ်ရိက္ခာဖူလုံစေ ခြင်း၊ အာဟာရပြည့်ဝစေခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု ကို တုံ့ပြန်နိုင်စွမ်းအားကောင်းစေခြင်းစသည့် အကျိုး ကျေးဇူးများရရှိလာနိုင်မည်ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များ၏လိပ်စာ
  • ရုံးအမှတ်(၁)၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊
  • ရုံးအမှတ်(၁၅)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊
  • ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊
  • Via Paolo di Dono, 44 00142 Roma, ITALY
  • www.ifad.org
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm