Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းများမှ သင်တန်းသားခေါ်ယူခြင်း

30 Dec,2022

၁။           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းများ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဖွင့်လှစ်မည့် အောက်ပါသင်တန်းများသို့ တက်ရောက်လိုသူများလျှောက်ထားနိုင်ပါသည်-     

စဉ်

သင်တန်းကျောင်း

သင်တန်းအမည်

လက်ခံမည့် သင်တန်းသား ဦးရေ

၁။

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ

(က) ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ 

        (၁)နှစ်သင်တန်း

(ခ)  ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ

       (၁)နှစ်သင်တန်း

(ဂ)  လက်ရက်ကန်း(၆)လသင်တန်း

(ဃ) ရိုးရာလွန်းရာကျအချိတ်(၆)လသင်တန်း

(င)  ရွှေချည်ထိုး၊ ငွေချည်ထိုး(၃)လသင်တန်း

၃၀ ဦး

 

၂၅ ဦး

 

၁၀ ဦး

၅ ဦး

၅ ဦး

၂။

ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း (ဖလမ်း၊ မုံရွာ၊ ရွှေတောင်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မုဒုံ၊ စစ်တွေ၊ တောင်ကြီး၊ မြစ်ကြီးနား၊ ဘားအံ၊ လွိုင်ကော်၊ ကျောက်မဲ၊ မင်းတပ်)

(က) ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ

        (၁)နှစ်သင်တန်း

၂၀ ဦး

(ခ)  လက်ရက်ကန်း(၆)လသင်တန်း

၁၀ ဦး

၂။            လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။အမှတ်စဉ်(၁)(က)သင်တန်းအတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ အမှတ်စဉ်(၁)(ခ)နှင့် (၂)(က) သင်တန်းများအတွက်              အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ အမှတ်စဉ်(၁)(ဂ၊ ဃ၊ င)နှင့် (၂)(ခ)သင်တန်းများအတွက် အခြေခံပညာမူလတန်း အောင်မြင်ပြီးသူဖြစ်ရမည်။

(ခ )    သင်တန်းအားလုံးအတွက် ၁-၁-၂၀၂၃ ရက်နေ့တွင် အသက်(၁၆)နှစ်ပြည့်ပြီး (၂၅)နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။

(ဂ )   ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ(၁)နှစ်သင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်းအတွက် အရပ်အမြင့် (ကျား) ၅ ပေ ၁ လက်မ၊             (မ) ၄ ပေ ၁၁ လက်မ ရှိရမည်။ (ရက်ကန်းပညာရပ်ကို အမှန်တကယ်စိတ်ပါဝင်စားပြီး ပြန်လည်အသက်မွေးဝမ်းကျောင်းပြုမည့်သူများအား သတ်မှတ်အရပ်အမြင့်ရှိပါက အသက်ကန့်သတ်ချက်             လျှော့ပေါ့၍ လက်ခံသွားမည် ဖြစ်သည်)

၃။           သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိနိုင်သော အခွင့်အလမ်းများမှာ-

(က)    သင်တန်းတက်ရောက်လာသူများအား တစ်ဦးလျှင်ပညာသင်ထောက်ပံ့ကြေး လစဉ် ကျပ် ၃၀၀၀၀/-ချီးမြှင့်ခြင်း၊

(ခ)       အိမ်ထောင်မရှိသူများကို အဆောင်အခမဲ့နေထိုင်ခွင့်ပြုခြင်း၊

(ဂ)       ရေ၊ မီး အခမဲ့သုံးစွဲခွင့်ရရှိခြင်း၊

(ဃ)     စားရိပ်သာကော်မတီမှ ကျောင်းသား/သူများ၏ စားသောက်ရေး စီစဉ်ဆောင်ရွက် ပေးခြင်း၊

(င)       သင်ကြားမှုအထောက်အကူဖြစ်စေရန် ကျောင်းဝန်းအတွင်း Fiber Internet (Free) အသုံးပြုခွင့်ရရှိခြင်း၊

(စ)       အိမ်ထောင်သည်များမိမိအစီအစဉ်ဖြင့်နေထိုင်တက်ရောက်နိုင်ခြင်း၊

(ဆ)    သင်တန်းပြီးဆုံး၍ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူဖြစ်ပါက ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်းများ၌ နည်းပြများအဖြစ် အလုပ်အကိုင် ရရှိနိုင်ခြင်း

၄။           လျှောက်ထားလိုသူများသည် အထက်ပါကျောင်းများနှင့် အောက်ဖော်ပြပါရုံးများတွင် စုံစမ်းလျှောက်ထားနိုင်ပါသည်-

 (က)    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးချုပ်၊ ရုံးအမှတ်(၁၆)၊ နေပြည်တော် ဖုန်း  ၀၆၇-၄၁၀၂၇၃၊ ၀၆၇-၄၁၀၂၄၀

(ခ )    တိုင်းဒေသကြီးနှင့် ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ(ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီ၊                   နေပြည်တော်ကောင်စီနှင့်သက်ဆိုင်ရာကျောင်းများ)

 

                                                                           အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

                                                                            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm