Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာချက်

21 Oct,2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ကြေညာချက်

နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

၁။      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါသင်တန်းများအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့မှ စတင်၍  ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-

                   (က)    ပထမနှစ်သင်တန်း(ဒုတိယနှစ်ဝက်)

                   (ခ)     ဒုတိယနှစ်သင်တန်း(ဒုတိယနှစ်ဝက်)

                   (ဂ)     တတိယနှစ်သင်တန်း(ဒုတိယနှစ်ဝက်)        

                   (ဃ)    စတုတ္ထနှစ်သင်တန်း(ဒုတိယနှစ်ဝက်)          

                   (င)     မဟာတန်းဒုတိယနှစ်(ဒုတိယနှစ်ဝက်-ကျမ်းပြု)

၂။       ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်သင်တန်းသို့ ဝင်ခွင့် ရရှိသည့် ကျောင်းသား/ကျောင်းသူများစာရင်းအား (၂၇.၁၀.၂၀၂၂)ရက်နေ့၌ ဝန်ကြီးဌာန website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website www.ucms.edu.mm၊ Facebook Page: University of Co-operative and Management, Sagaing တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၇၂-၂၀၂၃၀၁၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

 

 

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

 

 




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm